အီရန်နှင့် ဟစ်ဇဘိုလာအဖွဲ့တို့က အစ္စရေးနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းကို ပစ်မှတ်ထား၍ ကြာသပတေးနေ့အစောပိုင်းတွင် နှစ်ဖက်ညှပ်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြသည်။အီရန်ပစ်လွှတ်လိုက်သော ဒုံးကျည်တစ်စင်းသည် တဲလ်အဗစ်မြို့အရှေ့ဘက်ရှိ ဘီနေးဘရက်ခ်မြို့ (Bnei Brak) ကို ထိမှန်ခဲ့ပြီး ဒေသတွင်း ရေပေးဝေရေးကွန်ရက်ကို ပျက်စီးစေကာ ရေများအကြီးအကျယ် ယိုစိမ့်မှုဖြစ်ပွားခဲ့ကြောင်း အစ္စရေးအစိုးရပိုင် ရုပ်သံလွှင့်ဌာနက ပြောကြားသည်။ထို့အပြင် ယင်းတိုက်ခိုက်မှုကြောင့် ကျရောက်လာသော ဒုံးကျည်အပိုင်းအစများသည် တဲလ်အဗစ်၊ ရာမတ်ဂန်း (Ramat Gan) နှင့် ဘီနေးဘရက်ခ် မြို့နယ်အသီးသီးရှိ နေရာအတော်များများတွင်လည်း အဆောက်အအုံနှင့် ပစ္စည်းကိရိယာများကို ပျက်စီးစေခဲ့သည်ဟု ဆိုသည်။အစ္စရေး Channel 12 သတင်းဌာနကမူ ဤတိုက်ခိုက်မှုသည် အီရန်နှင့် ဟစ်ဇဘိုလာတို့၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုဖြစ်ကြောင်း ဖော်ပြပြီး၊ တဲလ်အဗစ်ဧရိယာတစ်ဝိုက်ရှိ နေရာပေါင်း ၁၁ ခုတွင် ဒုံးကျည်အပိုင်းအစများ ကျရောက်ခဲ့ကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
အီရန်နှင့် ဟစ်ဇဘိုလာအဖွဲ့တို့၏ နှစ်ဖက်ညှပ်တိုက်ခိုက်မှုကြောင့် အစ္စရေးအလယ်ပိုင်းတွင် လူ ၄ ဦး ဒဏ်ရာရပြီး ရေပေးဝေရေးကွန်ရက် ထိခိုက်ပျက်စီး
Apr 03 • 4:31 AM
Myanmar
International
Share
| 10 | 0 | 0 | 0 |


