တာချီလိတ်မြို့ရှိ နာမည်ကြီး ရီဂျီးနားဟိုတယ်တွင် အွန်လိုင်းလောင်းကစားရုံကို စစ်တပ်နှင့် ရဲများ က ဝင်ရောက်ဖမ်းဆီးသည်။ဖမ်းဆီးမှုအတွင်း ထိုင်းနိုင်ငံသား အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၅၀ ကို ဖမ်းမိသည်။ ထိုင်းဘတ်ငွေ ၆၅ သိန်းကိုလည်း သိမ်းဆည်းရမိသည်။ကွန်ပျူတာမော်နီတာ ၂၀၀ ကျော်၊ စနစ်ပုံး ၁၀၀ ကျော်၊ CPU ၈၀ ကျော်၊ ဖုန်း ၄၀၀ ကျော်နှင့် လက်ပ်တော့ ၁၇ လုံးကိုလည်း သိမ်းဆည်းရမိကြောင်း ရဲနှင့်နီးစပ်သူများထံက သိရသည်။အဆိုပါဟိုတယ်မှာ တာချီလိတ်၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး ဂေါက်ကွင်းတွဲလျက်ရှိသည်။ ဖမ်းဆီးရသည့် အတိအကျအကြောင်းကိုမူ မသိရသေးပေ။
တာချီလိတ်၊ ရီဂျီနားဟိုတယ်ရှိ အွန်လိုင်းလောင်းကစားရုံ ဝင်ဖမ်း၊ ထိုင်းနိုင်ငံသား ၅၀ နှင့် ဘတ် ၆၅ သိန်း ဖမ်းမိ
Apr 03 • 4:30 AM
Myanmar
International
Share
| 26 | 0 | 0 | 0 |


