ရန်ကုန်မြို့တွင် (ဧပြီ ၂)၌ System Breakdown ဖြစ်နေချိန်များတွင် ဆေးရုံကြီးများ ဓာတ်အားရရှိရေး အတွက် ဂက်စ်တာဘိုင်ဖြင့် ဦးစားပေး မီးပေးနေသည်ဟု YESC ထုတ်ပြန်ထားသည်။ယင်းအချိန် အတွင်းရန်ကုန်တိုင်း၊ အလုံစက်ရုံရှိ Gas Turbine တစ်လုံး သီးခြားမောင်းနှင်၍ ဆေးရုံကြီးများ ဓာတ်အားရရှိရေး ဦးစားပေးနေသည်ဟုလည်း ဆိုသည်။System Breakdown သည် ဓာတ်အားစနစ်အတွင်း ၂၃၀ကေဗွီ မင်းလှ - မြောင်းတကာလိုင်းအပြစ်ဖြင့် ဓာတ်အားစနစ်ပြတ်တောက်မှု ဖြစ်ပွါးခဲ့ခြင်း ဖြစ်သည်ဟုလည်းသိရသည်။ထို့ကြောင့် ဓာတ်အားပြန်လည်ရရှိရေး အချိန်နှင့် တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်ဟု YESC က ထုတ်ပြန်ထားသည် ။
Apr 03 • 4:28 AM
Myanmar
International
Share
| 9 | 0 | 0 | 0 |


