ကရင်ပြည်နယ်၏ အဓိကဆက်သွယ်ရေးလမ်းမကြီးဖြစ်သော နိုင်ငံတကာဆက်သွယ်ရေးလမ်းမကြီး၊ မဟာမဲခေါင်ဒေသ(ခွဲ)အရှေ့-အနောက်စီးပွားရေးစင်္ကြံလမ်းပိုင်းတွင်ပါဝင်သည့် ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ယနေ့ ဧပြီ ၂ ရက်နံနက်ပိုင်းကပြန် လည်ဖွင့်လှစ်ခဲ့သည်။ထိုသို့ ဖွင့်လှစ်ခဲ့ပြီးနောက် ညနေ ၄ နာရီအထိ ဘားအံမြို့ဘက်မှ မြဝတီမြို့ဘက်သို့ ခရီးသည်တင်ကားများ၊ ကုန်ပစ္စည်းတင်ကားများနှင့် အိမ်စီးကားများ (၂၂၃)စီး၊ မြဝတီမြို့ဘက်မှ ဘားအံမြို့ဘက်သို့ ခရီး သည်တင်ကားများ၊ ကုန်ပစ္စည်းတင်ကားများနှင့် အိမ်စီးကားများ(၃၃၂)စီး(စုစုပေါင်း ၅၅၅ စီး)ဖြတ်သန်းသွားလာခဲ့သည်။
ဘားအံ-ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးစတင်ဖွင့်လှစ် ဧပြီ ၂ ရက်ညနေ ၄ နာရီအထိ ကားစီးရေ (၅၅၅)စီးဖြတ်သန်းခဲ့
Apr 03 • 4:26 AM
Myanmar
International
Share
| 16 | 0 | 0 | 0 |


