ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် ကားဆရာတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံထံမှ သိရသည်။လားရှိုးမှ ပန်ဆန်းသို့ ပြေးဆွဲနေသည့် အသက်(၂၅)နှစ်အရွယ် ကားဆရာတစ်ဦးထံ ယနေ့ဧပြီလ(၂)ရက် နံနက်ပိုင်းတွင် လားရှိုးမြို့ရပ်ကွက်(၃)ကားဂိတ်၌ ပါဆယ်လာထုတ်ယူသူက ကားဆရာကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။"ရန်ညိုးကြောင့်လား ဘာကြောင့်လဲမသိဘူး ပါဆယ်ဖိုး တန်ဆာခတောင်းတာကို သေနတ်နဲ့ ခေါင်းကိုပစ်ခဲ့တာ။ ဆေးရုံပို့ထားတယ်လို့သိရတယ်"ဟု လားရှိုးဒေသခံက ပြောသည်။သေနတ်ဖြင့်ပစ်ခဲ့သူ တရားခံကို ဖမ်းမမိသေးကြောင်း၊ ယခုဖြစ်စဥ်ကြောင့် တာဝန်ရှိသူများက ရှာဖွေစစ် ဆေးမှု လုပ်နေပြီး ဒေသခံများ ထိတ်လန့်နေကြကြောင်း သိရသည်။



