လီဗာပူးလ်အတွက် ဧပြီလဟာ အခက်အခဲတွေနဲ့စောင့်ကြိုနေပါတယ်။ဧပြီလအတွင်းမှာ လီဗာပူးလ်က မန်စီးတီးနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်၊ PSG အသင်းနဲ့ ချန်ပီယံလိဂ်ပွဲတွေကစားရပါမယ်။လီဗာပူးလ်အတွက် ဆူးခင်းလမ်းကာလမှာ မျှော်လင့်ချက်တစ်ခုက တိုက်စစ်ကစားသမားအီဆက်ခ်ပြန်လာတော့မယ်ဆိုတာပါ။ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းကနားနေရတဲ့ အီဆက်ခ်က အခုဆိုရင် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်ပါတယ်။မန်စီးတီးနဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာအီဆက်ခ် ပြန်ကစားနိုင်မှာမဟုတ်ပေမယ့်PSG အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကျရင် အီဆက်ခ်ပြန်ကစားဖွယ်ရှိပါတယ်။



