back

ထိုင်းနိုင်ငံ၌ မီတာခ 1.8% ပဲထပ်တက်တော့မည်ဖြစ်

Apr 03 • 2:27 AM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ၌ မီတာခ 1.8% ပဲထပ်တက်တော့မည်ဖြစ်

ထိုင်းပြည်သူတွေကတော့ သူတို့ ပေးမယ့် မီတာခကို သူတို့ကိုယ်တိုင်ရွေးချယ်လိုက်ပါပြီ။ မေလကနေ သြဂုတ်လအတွင်း လက်ရှိရှိနေတဲ့ မီတာခကနေ နောက်ထပ် ၁.၈% သာ တက်သွားတော့မှာဖြစ...

ထိုင်းပြည်သူတွေကတော့ သူတို့ ပေးမယ့် မီတာခကို သူတို့ကိုယ်တိုင်ရွေးချယ်လိုက်ပါပြီ။ မေလကနေ သြဂုတ်လအတွင်း လက်ရှိရှိနေတဲ့ မီတာခကနေ နောက်ထပ် ၁.၈% သာ တက်သွားတော့မှာဖြစ်တယ်လို့ စွမ်းအင် ထိန်းညှိရေးကော်မရှင် ERC က မနေ့က ကြေညာပါတယ်။ သတ်မှတ်ထားတဲ့ နှုန်းထား ၃ ခုထဲက အနည်းဆုံးဖြစ်တဲ့ ၃.၉၅ ဘတ်ကိုသာ ထိုင်းပြည်သူတွေက ရွေးချယ်ခဲ့ပြီး အစိုးရက ပြည်သူတွေ အဆင်ပြေအောင် ဘတ် ၉ ဘီလီယံ ထောက်ပံ့ရမယ်လို့ဆိုပါတယ်။ ဒါကြောင့် အပြန်အလှန်အနေနဲ့ လောင်စာဆီ နှုန်းထား-Fuel Tariff တစ်ယူနစ်ကို ၁၆.၂၃ Satang တက်သွားမှာပါ။ အခြေခံ မီတာနှုန်းထား ၃.၇၈ ဘတ်နဲ့ Fuel Tariff ကိုပေါင်းလိုက်ရင် မီတာခက ၃.၉၅ ဘတ်သာရှိလာမှာဖြစ်ပြီး လက်ရှိနှုန်းထား ၃.၈၈ ဘတ်ထက် ၇ Satang ပဲများလာတာပါ။ LNG ဓာတ်ငွေ့ဈေးဟာ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ကြီးနေချိန် မီတာခကို တစ်ယူနစ် ၄.၅၉ ဘတ်အထိဈေးဆွဲတင်ဖို့ စဥ်းစားခဲ့ပေမယ့် ပြည်သူတွေက လက်မခံလို့ ဒီအစီအစဥ်သာ အတည်ဖြစ်သွားတာပါ။ ထိုင်းမှာ မီးအမြဲလာအောင် ၅၈% ထောက်ပံ့ပေးနေတာက LNG ဓာတ်ငွေ့ဖြစ်ပါတယ်။

news-view-count-icon

13