back

ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီး အေးဂျင့်ခအများဆုံးပေးရတဲ့ အသင်းဖြစ်နေ

Apr 03 • 1:39 AM

breaking-news

Myanmar

International

cover

ပရီးမီးယားလိဂ်မှာ ချယ်လ်ဆီး အေးဂျင့်ခအများဆုံးပေးရတဲ့ အသင်းဖြစ်နေ

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း ပရီးမီးယားလိဂ်မှာ အေးဂျင့်ခအများဆုံးပေးရတဲ့အသင်းအဖြစ် ထိပ်ဆုံးမှာဆက်လက်ရပ်တည်ခဲ့ပါတယ်။၂၀၂၅ ဖေဖော်ဝါရီမှ ၂၀၂၆ ဖေဖော်ဝ...

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ၁၂ လတာကာလအတွင်း ပရီးမီးယားလိဂ်မှာ အေးဂျင့်ခအများဆုံးပေးရတဲ့အသင်းအဖြစ် ထိပ်ဆုံးမှာဆက်လက်ရပ်တည်ခဲ့ပါတယ်။၂၀၂၅ ဖေဖော်ဝါရီမှ ၂၀၂၆ ဖေဖော်ဝါရီလအထိ ကလပ်များက နည်းပြ သို့မဟုတ် ကစားသမား ခေါ်ယူမှုအတွက် ပေးချေရတဲ့ အေးဂျင့်ခဟာ ပေါင် သန်း ၄၆၀ ရှိခဲ့ပြီး ယင်းမတိုင်ခင် ၁၂ လတာထက် ၁၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာ ပေါင် ၆၅.၁ သန်းနဲ့ သုံးနှစ်ဆက်တိုက် ထိပ်ဆုံးမှာ ရပ်တည်ခဲ့တာပါ။ချယ်လ်ဆီးအနေနဲ့ ၂၀၂၃-၂၄ က စံချိန်တင် ပေါင် ၇၅ သန်း ပေးခဲ့ရပြီးနောက် သုံးနှစ်တာအတွက် အေးဂျင့်ခ ပေါင် သန်း ၂၀၀ လောက်ကုန်ကျခဲ့ပါတယ်။အက်စတွန်ဗီလာအသင်းက ပေါင် ၃၈.၄ သန်းနဲ့ ဒုတိယနေရာ ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် ၁၃.၄ သန်းထက် များစွာမြင့်တက်ခဲ့ကာ တိုးမြင့်မှုရာခိုင်နှုန်းဖြစ်ခဲ့ပါတယ်။မန်စီးတီးအသင်းက ပေါင် ၃၇.၄ သန်းနဲ့ တတိယနေရာမှာရှိခဲ့ကာ ပြီးခဲ့တဲ့နှစ် ပေါင် ၅၂.၁ သန်းနဲ့ယှဉ်ရင် ပေါင် ၁၄.၈ သန်း လျော့ကျခဲ့ပါတယ်။အာဆင်နယ်၊ လီဗာပူးလ်နဲ့ ဝုလ်ဗ်အသင်းတွေလည်း အေးဂျင့်ခ သိသိသာသာ မြင့်တက်ခဲ့ကြပါတယ်။

news-view-count-icon

22