ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်ရှေ့တွင် ယမန်နေ့ ဧပြီလ ၂ ရက် မွန်းလွဲပိုင်းကစက်သုံးဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် ပြည်သူများစုဝေး၍ သွားရောက်ဆန္ဒပြခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ထိုင်းနိုင်ငံတစ်ဝန်းရှိ ဓာတ်ဆီဆိုင်များတွင် ယနေ့ နံနက်ပိုင်း၌ ဒီဇယ်ဆီ တစ်လီတာလျှင် ၃.၅၀ ဘတ် ဈေးတက်သွားသဖြင့် ဒီဇယ်တစ်လီတာလျှင် ၄၄.၂၄ ဘတ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ဒီဇယ်ဈေးသည် လွန်ခဲ့သော လပိုင်းကထက် ၄၈ ရာခိုင်နှုန်း မြင့်တက်သွားခြင်းဖြစ်သည်။ ထို့အတူ ဓာတ်ဆီနှင့် ဂတ်စ်ဟိုးလ်များမှာလည်း တစ်လီတာလျှင် ၁.၂၀ ဘတ် ဈေးတက်သွားကြောင်း သိရသည်။ထိုသို့ စက်သုံးဆီဈေးမြင့်တက်လာမှုကြောင့် နေ့စဉ်လူနေမှု ကုန်ကျစရိတ် မြင့်တက်လာပြီး အစိုးရက ကိုင်တွယ်ဖြေရှင်းပေးခြင်းမရှိကြောင်း ဆန္ဒပြသူများက ပြောဆိုသည်။ ထိုင်းအစိုးရသည် စက်သုံးဆီဈေးနှုန်း ထိန်းညှိရန်အတွက် တစ်ရက်လျှင် ဘတ် ၂.၅၉ ဘီလီယံ၊ တစ်လလျှင် ဘတ် ၈၀.၃ ဘီလီယံခန့် စိုက်ထုတ်သုံးစွဲနေရသော်လည်း ပြည်သူများ၏ မကျေနပ်မှုမှာ လျော့ပါးခြင်း မရှိဖြစ်နေပါတယ်။
Apr 03 • 1:31 AM
Thailand
Local News
Share
| 41 | 0 | 0 | 0 |


