ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြားဖြစ် အရက်နဲ့ ဘီယာတွေကို သင်္ကြန်ကာလ၌ တင်သွင်းရောင်းချခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။အဲဒီအရက်နဲ့ ဘီယာတွေတင်သွင်းခွင့်ကို ဧပြီလ ၂ ရက်ကနေ ၁ဝ ရက်အထိသတ်မှတ်ထားပြီး ရောင်းချခွင့်ကို ဧပြီ ၁ ရက်ကနေ မေလ ၃၀ ရက်နေ့အထိ ယာယီခွင့်ပြုလိုက်တာလို့ မနေ့က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။"နိုင်ငံခြားအရက်သောက်ရရင်တော့ ကောင်းတာပေါ့။ ခုချိန်မှာ တောအရက်သောက်ရလို့ အသေစောတော့မယ်။ မျက်နှာကလည်း ကောက်ညှင်းကြော်လိုဖြစ်နေပြီ။ နိုင်ငံခြားအရက်သောက်ရတာတော့ ပိုကြိုက်တယ်။ ပိတ်ထားတာနဲ့ယှဉ်ရင် ခွင့်ပြုလိုက်တာ ပိုကောင်းတယ်"လို့ ရခိုင်ဒေသခံတစ်ဦးကပြောပါတယ်။
Apr 03 • 1:29 AM
Myanmar
Rakhine
Share
| 17 | 0 | 0 | 0 |


