မကြာသေးမီရက်များက တရုတ်နိုင်ငံ၏ ပထဝီအနေအထားအရ မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိသော ဟေးလုံကျန်းပြည်နယ်သည် မြောက်ဘက်သို့ ပြန်လာသော ရွှေ့ပြောင်းငှက်အုပ်ကြီးများကို လက်ခံကြိုဆိုခဲ့သည်။ ဤအုပ်စုဖွဲ့ ပျံသန်းလာသည့် ရွှေ့ပြောင်းငှက်များသည် စိမ့်မြေနှင့် မြစ်ချောင်းများသို့ ပျံသန်းလာကြပြီး တိတ်ဆိတ်ငြိမ်သက်သော ဆောင်းရာသီကုန်ဆုံးချိန် မြောက်ပိုင်းဒေသ၏ နွေဦးအတွက် သက်ဝင်လှုပ်ရှားမှုများ ဖြည့်တင်းပေးခဲ့သည်။ဟေးလုံကျန်းပြည်နယ်သည် အရှေ့အာရှမှ ဩစတြေးလျသို့ ရွှေ့ပြောင်းငှက်များ ပျံသန်းရာလမ်းကြောင်း၏ အလယ်ဗဟိုတွင် တည်ရှိပြီး အရှေ့မြောက်အာရှဒေသရှိ ငှက်များ ရွှေ့ပြောင်းစဉ် ခရီးတစ်ထောက်နားရာနှင့် မျိုးပွားရာနေရာများအနက် အရေးကြီးဆုံးသော နေရာတစ်ခုဖြစ်သည်။ ထိုပြည်နယ်တစ်ခုလုံးတွင် စိမ့်မြေ ဟက်တာ ၅.၁၄ သန်း ရှိပြီး စိမ့်မြေအရင်းအမြစ်များတွင် တရုတ်နိုင်ငံ၏ ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိကာ ရွှေ့ပြောင်းငှက်များ ရွှေ့ပြောင်းရန်နှင့် မျိုးပွားရန်အတွက် သဘာဝကပေးစွမ်းသော နေထိုင်ရာ အာမခံချက်ကို ပေးစွမ်းခဲ့သည်။



