back

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်အမြဲပင် သေချာသော အုတ်မြစ်နှင့် တည်ငြိမ်မှုရှိသော ခိုလှုံရာနေရာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

Apr 03 • 1:25 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်အမြဲပင် သေချာသော အုတ်မြစ်နှင့် တည်ငြိမ်မှုရှိသော ခိုလှုံရာနေရာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်အမြဲပင် သေချာသော အုတ်မြစ်နှင့် တည်ငြိမ်မှုရှိသော ခိုလှုံရာနေရာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီ...

တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်အမြဲပင် သေချာသော အုတ်မြစ်နှင့် တည်ငြိမ်မှုရှိသော ခိုလှုံရာနေရာ ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။ထိုနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက တရုတ်နိုင်ငံတွင် ယခုနှစ်မတ်လ၌ ၂၀၂၆ ခုနှစ် တရုတ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်ဖိုရမ် နှစ်ပတ်လည်အစည်းအဝေးနှင့် ၂၀၂၆ ခုနှစ် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ် နှစ်ပတ်လည်ညီလာခံကို ဆက်တိုက်ကျင်းပခဲ့ကြောင်း၊ ဤဖိုရမ်နှစ်ခုသည် တရုတ်ဈေးကွက်ကို လေ့လာစောင့်ကြည့်ရန် အရေးကြီးသော ပြတင်းပေါက်များအဖြစ် သတ်မှတ်ကာ မီဒီယာများက အနီးကပ်အာရုံစိုက်ခဲ့ကြကြောင်း၊ ယင်းနှင့် ပတ်သက်၍ ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ မှတ်ချက်ပြုလိုပါသနည်းဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။တရုတ်ဖွံ့ဖြိုးတိုးတက်ရေးအဆင့်မြင့်ဖိုရမ်နှင့် အာရှဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်တို့ကို တရုတ်နိုင်ငံ ပေကျင်းနှင့် ဟိုင်နန်တို့တွင် အသီးသီးကျင်းပခဲ့ပြီး ဖိုရမ်နှစ်ခုလုံးသည် တူညီသောသတင်းစကားကို ထုတ်ဖော်ခဲ့ကြောင်း၊ ယင်းမှာ ကမ္ဘာကြီးသည် မငြိမ်မသက်ဖြစ်နေသော်လည်း တရုတ်နိုင်ငံမှာ အစဉ်အမြဲ တည်ငြိမ်စွာ ရှေ့သို့လှမ်းချီပြီး နိုင်ငံအသီးသီးနှင့်အတူ ဖွံ့ဖြိုးတိုးတက်သွားမည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။

news-view-count-icon

10