back

Taxi ယာဉ်များ၊ သုံးဘီးယာဉ်များနှင့် ကုန်တင်ယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ် မူတည်ပြီး ယနေ့မှစ၍ ဆီရောင်းချပေးမည်

Apr 03 • 1:24 AM

breaking-news

Myanmar

Local

cover

Taxi ယာဉ်များ၊ သုံးဘီးယာဉ်များနှင့် ကုန်တင်ယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ် မူတည်ပြီး ယနေ့မှစ၍ ဆီရောင်းချပေးမည်

Taxi ယာဉ်များ၊ သုံးဘီးယာဉ်များနှင့် ကုန်တင်ယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်သာ မူတည်ပြီး ဧပြီ ၃ ရက်မှစ၍ ဆီရောင်းချပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်...


Taxi ယာဉ်များ၊ သုံးဘီးယာဉ်များနှင့် ကုန်တင်ယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်သာ မူတည်ပြီး ဧပြီ ၃ ရက်မှစ၍ ဆီရောင်းချပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။ယာဉ်တစ်စီးချင်းစီအတွက် စက်စွမ်းအားပေါ်မူတည်၍ စက်သုံးဆီပမာဏ သတ်မှတ်၍ ရောင်းချပေးရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးကဏ္ဍနှင့် ကုန်စည်ပို့ဆောင်ရေးကဏ္ဍ တို့တွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ Taxi ယာဉ်များ၊ သုံးဘီးယာဉ်များ၊ ကုန်တင်ယာဉ် များကို ပမာဏတိုးမြှင့် သတ်မှတ်ပေးထားပြီး တစ်ပတ်လျှင် ၃ ရက် ဆီဖြည့်တင်းနိုင်ရန် ခွင့်ပြုပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ယင်းအပေါ်တွင် အခွင့်ကောင်းယူ၍ မသမာမှုများ ပြုလုပ်နေသည့်အတွက် ပြည်သူများ ထိခိုက်နစ်နာစေမှု၊ စိတ်အနှောက်အယှက်ဖြစ်စေမှုများ ဖြစ်ပေါ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အဆိုပါယာဉ်များကို မောင်းနှင်ခဲ့သည့် ခရီးအကွာအဝေးပေါ်တွင်သာ မူတည်၍ ဆီရောင်းချ ပေးသည့်စနစ်ကို ဧပြီ ၃ ရက်မှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

80