back

မြစ်ကြီးနားမြို့နှင့်ပူတာအိုမြို့များသို့ ဧပြီ ၄ ရက်နှင့် ၅ ရက်မှစ၍ လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမည်ဖြစ်

Apr 03 • 1:23 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားမြို့နှင့်ပူတာအိုမြို့များသို့ ဧပြီ ၄ ရက်နှင့် ၅ ရက်မှစ၍ လေကြောင်းခရီးစဉ် ပြန်လည်ပြေးဆွဲမည်ဖြစ်

မြစ်ကြီးနားမြို့သို့ ဧပြီ ၄ ရက်နှင့် ပူတာအိုမြို့သို့ ဧပြီ ၅ ရက်မှစ၍ လေကြောင်းခရီးစဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမ...

မြစ်ကြီးနားမြို့သို့ ဧပြီ ၄ ရက်နှင့် ပူတာအိုမြို့သို့ ဧပြီ ၅ ရက်မှစ၍ လေကြောင်းခရီးစဉ် ပုံမှန်ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် မြန်မာအမျိုးသား လေကြောင်း၊ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း၊ မင်္ဂလာ လေကြောင်း၊ မန်းရတနာပုံလေကြောင်းနှင့် အဲသံလွင် လေကြောင်းလိုင်းတို့အနေဖြင့် ပျံသန်းပြေးဆွဲလျက်ရှိသည့် ပြည်တွင်းခရီးစဉ်များအနက် ဦးစားပေးပြေးဆွဲရန် စီစဉ်ထားသည့် ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ ကော့သောင်း မြို့၊ ကျောက်ဖြူမြို့၊ စစ်တွေမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့် ခန္တီးမြို့များ မတ် ၂၅ ရက်မှစ၍ ပျံသန်းပြေးဆွဲနေကြောင်း သိရသည်။လက်ရှိတွင် မြစ်ကြီးနားမြို့သို့ ဧပြီ ၄ ရက်တွင်လည်းကောင်း၊ ပူတာအိုမြို့သို့ ဧပြီ ၅ ရက်တွင်လည်းကောင်း စတင်၍ ပုံမှန်ပြန်လည်ပြေးဆွဲရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက စီစဉ်ထားကြောင်း သိရသည်။

news-view-count-icon

24