back

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြိုနယ်တွင် ပုဂံယွန်းထည်ပစ္စည်းများအပေါ် စိတ်ဝင်စားမှု မြင့်တက်လာ

Apr 02 • 8:56 AM

breaking-news

Myanmar

Mandalay

breaking-news
cover

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြိုနယ်တွင် ပုဂံယွန်းထည်ပစ္စည်းများအပေါ် စိတ်ဝင်စားမှု မြင့်တက်လာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြိုနယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်းတွေကို ပြည်ပဧည့်သည်တွေသာမက ပြည်တွင်း ခရီးသွားဧည့်သည်တွေလည်း စိတ်ဝင်စားမှု မြင...

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြိုနယ် ပုဂံဒေသထွက် မြန်မာ့လက်မှုအနုပညာ ယွန်းထည်ပစ္စည်းတွေကို ပြည်ပဧည့်သည်တွေသာမက ပြည်တွင်း ခရီးသွားဧည့်သည်တွေလည်း စိတ်ဝင်စားမှု မြင့်တက်နေကာ ပြည်တွင်း ဝယ်လိုအားကြောင့် ယွန်းထည်လုပ်ငန်းရှင်တွေ အဆက်မပြတ် ပြန်လည်လုပ်ကိုင်နေတယ်လို့ ယွန်းထည်လုပ်ငန်း ရှင်တစ်ဦးဖြစ်တဲ့ ဦးဘငြိမ်းဆီကနေ သိရပါတယ်။ယွန်းထည်လုပ်ငန်းဟာ မြန်မာ့လက်မှုအနုပညာစစ်စစ်ဖြစ်ပြီး အင်မတန် အနုစိတ်လုပ်ကိုင်ရတဲ့ လုပ်ငန်းဖြစ်ပါ တယ်။ယွန်းထည်လုပ်ငန်းမှာ မဲတင်းခါးဝါး၊ တင်းဝါး၊ နန်းထောင်ဝါး ၊ မဲဇာဝါးတွေကို အသုံးပြုပြီး ယွန်းထည်အမျိုးမျိုး ပြုလုပ်ကြပေမဲ့ မဲတင်းခါးဝါးတစ်မျိုးတည်းကိုသာ ယွန်းထည်ပြုလုပ်ရာမှာ စွဲစွဲမြဲမြဲ အသုံးပြုကြတာဖြစ်တယ်လို့ ဆိုပါတယ်။ ယွန်ထည်တွေ ပြုလုပ်ပြီးတဲ့အခါ မြေအောက်ခန်းအတွင်း အလုံပိတ်ထားကာ ယွန်းထည်တွေ မြေဓာတ်ပေးထားပြီး နောက်ဆုံးအဆင့် တစ်နှစ်ကျော်ကြာမှ ရောင်းချရတယ်လို့ ယွန်းလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

news-view-count-icon

25