သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်အတွင်း သစ်ပင်ပေါင်း ၂၉၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။မင်းဘူးမြို့နယ်ရှိ ကန်ရေပျိုးဥယျာဉ် တွင် ၂၀၂၆ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးရန် သစ်မျိုးခုနစ်မျိုးဖြင့် ပျိုးပင်ပေါင်း ၉၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သက်တမ်းနှစ်နှစ်၊ အမြင့်နှစ်ပေအထက်ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေးဆောင်ရွက်သွားရန်လည်း ယမန်နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မင်းဘူးမြို့နယ်သို့ သွားရောက်စဉ် ပြောကြားခဲ့ကြောင်း သိရသည်။
Apr 02 • 8:30 AM
Myanmar
Local
Share
| 31 | 0 | 0 | 0 |


