ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၌ ၂၀၂၆ ခုနှစ် (မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်) တွင် ကျရောက်တော့မည့်မဟာသင်္ကြန်ပွဲတော် ကို စတုဒီသာ မဏ္ဍပ် များဖြင့်စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး ဧရာဝတီရှုခင်းသာတွင်လည်း သဲသောင်ပြင်လမ်းလျှောက်သင်္ကြန်ပွဲတော်ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ကချင်ပြည်နယ်၏ မြစ်ကြီးနားမြို့၌ ဆွမ်ပရာဘွမ်လမ်းမကြီးပေါ်တွင်လည်းကောင်း၊ မင်းရပ်ပြည်သူ့ရင်ပြင်တွင် လည်းကောင်း၊ ဧရာဝတီရှုခင်းသာ အပန်းဖြေစခန်းနေရာတွင်လည်းကောင်း လမ်းလျှောက်သင်္ကြန်ပွဲတော်များကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။



