back

စင်ကာပူ၏ အေအိုင်ကဏ္ဍတွင် မိုက်ခရိုဆော့ဖ်က ဒေါ်လာ၅.၅ဘီလျံ ရင်းနှီးမြှုပ်နှံမည်

Apr 02 • 6:46 AM

breaking-news

Singapore

Local News

cover

စင်ကာပူ၏ အေအိုင်ကဏ္ဍတွင် မိုက်ခရိုဆော့ဖ်က ဒေါ်လာ၅.၅ဘီလျံ ရင်းနှီးမြှုပ်နှံမည်

မိုက်ခရိုဆော့ဖ် ကုမ္ပဏီသည် စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ ကလောက်ဒ်နှင့် အေအိုင် အခြေခံအဆောက်အဦးများကိုတိုးချဲ့ရန်အတွက် ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံက...

မိုက်ခရိုဆော့ဖ် ကုမ္ပဏီသည် စင်ကာပူနိုင်ငံရှိ ၎င်းတို့၏ ကလောက်ဒ်နှင့် အေအိုင် အခြေခံအဆောက်အဦးများကိုတိုးချဲ့ရန်အတွက် ငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ ကြာမြင့်မည့် အဆိုပါရင်းနှီးမြှုပ်နှံမှုသည် အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး၊ လုပ်ငန်းလည်ပတ်မှု၊ ဆိုင်ဘာလုံခြုံရေးနှင့် စီမံအုပ်ချုပ်မှု ကဏ္ဍများကို အထောက်အကူပြုမည်ဖြစ်ကြောင်း အဆိုပါ ကမ္ဘာ့နည်းပညာကုမ္ပဏီကြီးက ဗုဒ္ဓဟူးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ငွေလုံးငွေရင်း မြှုပ်နှံမှုနှင့်အတူ မိုက်ခရိုဆော့ဖ်သည် ပညာရေး၊ လုပ်သားအင်အားနှင့် လူမှုရေးကဏ္ဍများတွင် အေအိုင် ကျွမ်းကျင်မှုများက ခိုင်မာအားကောင်းလာစေရန် ရည်ရွယ်သည့် အစီအစဉ်များကိုလည်း ကြေညာခဲ့သည်။

news-view-count-icon

11