အမေရိကန်ပြည်ထောင်စုသည် ဗင်နီဇွဲလားနိုင်ငံ၏ ယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂေးအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့အရေးယူမှုများကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်ရုပ်သိမ်းပေးခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန၏ နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးရုံး၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည်။ယခုကဲ့သို့ အရေးယူပိတ်ဆို့မှုများ ကိုရုပ်သိမ်းပေးခြင်းသည် ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက် နေ့က ဗင်နီဇွဲလားမြို့တော် ကာရာကတ်စ်တွင် သမ္မတဟောင်း နစ်ကလပ်စ် မာဒူရိုနှင့် ၎င်း၏ဇနီးတို့ကို အမေရိကန်စစ်တပ်က ဖမ်းဆီးပြီးနောက်ပိုင်း ရိုဒရီ ဂေးကို တရားဝင်အာဏာပိုင်အဖြစ် အမေရိကက နောက်ဆုံးအသိအမှတ်ပြုလိုက်ခြင်း ဖြစ်သည်။ မာဒူရိုနှင့် ၎င်း၏ဇနီးတို့သည် လက်ရှိတွင် နူးယော့ခ်မြို့၌ မူးယစ်ဆေးဝါးမှောင်ခိုမှုဖြင့် တရားစွဲဆိုခြင်းခံထားရပြီး ၎င်းတို့တွင် အပြစ်မရှိကြောင်း ထုချေထားသည်။
Apr 02 • 6:15 AM
Myanmar
International
Share
| 15 | 0 | 0 | 0 |


