ဥရောပခရီးသွားအဖွဲ့များနှင့် ခရီးသွားအေဂျင်စီများသည် အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ဒ-ဏ်ခံရသက်သာသော အရှေ့ဘက်ဒေသ အထူးသဖြင့် Koh Chang နှင့် Koh Kut ကျွန်းများကို ခရီးသွားဒေသသစ်အဖြစ်ရှုမြင်ကြပြီး အရှေ့ပိုင်း ဒေသကို ဥရောပခရီးသွားအဖွဲ့များနှင့် ခရီးသွားအေဂျင်စီများ ပိုမိုစိတ်ဝင်စားလာကြောင်း အရှေ့ပိုင်းခရိုင် TAT ဒါရို-က်တာ Kanokkittika Kritwuttikorn က တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ TAT သည် ဇွန်လတွင် ပတ္တရား၌ပြုလုပ်မည့် Thailand Travel Mart ပြပွဲအတွင်း ခရီးသွားလုပ်ငန်းအတွက် အရှေ့ဘက်ကျွန်းများကို ကြော်ငြာမည် ဖြစ်သည်။ TAT သည် အဆိုပါပွဲတော်သို့ နိုင်ငံခြားခရီးသွား အေဂျင်စီများနှင့် မီဒီယာအဖွဲ့အစည်း ၄၀၀ ကျော်မှ ကိုယ်စားလှယ်များ လာရောက်ရန် မျှော်လင့်ထားသည်။စစ်ပွဲသည် ထိုင်းတောင်ဘက်ခြမ်းထက် အရှေ့ဘက့်ခြမ်းကို အကျိုးသက်ရောက်မှု နည်းပါးသည်ဟု မစ္စကနုကိတ္တိက က ဆိုသည်။ ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေသော်လည်း ဧပြီလတွင် ကျင်းပမည့် သင်္ကြန်ပွဲတော်အထိ ပတ္တရားတွင် ကာလရှည် တည်းခိုရန် ဧည့်သည်အများအပြားက စီစဉ်ထားသည်။



