back

ရှမ်းပြည်နယ်၊ထီရီးရွာတွင် သတ္တမကြိမ်မြှောက် ပအိုဝ်းစာပေ၊ သုဝဏ္ဏဘူမိဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

Apr 02 • 2:32 AM

breaking-news

Myanmar

Shan

cover

ရှမ်းပြည်နယ်၊ထီရီးရွာတွင် သတ္တမကြိမ်မြှောက် ပအိုဝ်းစာပေ၊ သုဝဏ္ဏဘူမိဓမ္မစကူးလ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

အထူးဒေသ (၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊နောင်တရားမြို့၊နမ်းပုလင်းကျေးရွာအုပ်စု၊ထီရီးရွာတွင် ပအို၀်းစာပေ၊ သုဝဏ္...

အထူးဒေသ (၆)၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ်၊နောင်တရားမြို့၊နမ်းပုလင်းကျေးရွာအုပ်စု၊ထီရီးရွာတွင် ပအို၀်းစာပေ၊ သုဝဏ္ဏဘူမိစကူးလ်သင်တန်းဆင်းပွဲကို နံနက် (၁၀)နာရီခွဲအချိန်တွင် ကျင်းပခဲ့ပြီး အခမ်းအနားကို ပအိုဝ်းအမျိုးသားအလံအားအလေးပြုခြင်းနှင့်အမျိုးသားသီချင်း သီဆိုခဲ့ကြပြီး ထီရီးကျောင်းဆရာတော် သုဝဏ္ဏ မှ အဖွင့်အမှာစကားပြောကြားခဲ့ကြောင်းသိရသည်။ ထီရီးရွာဥက္ကဌ ဖြားတန် ခွန်မောင်ကျောမှ လည်း လူငယ်များ လိမ္မာယဉ်ကျေးရေးနှင့် ဘာသာစာပေတိုးတက်မြင့်မားရေးတို့အပေါ် သိမြင်လာစေရန် ချီးမြင့်ပြောဆိုသွားခဲ့ကြောင်း သိရှိရပါသည်။ဆက်လက်၍ ထီရီးကျောင်း ဆရာတော်နှင့် တာဝန်ရှိပုဂ္ဂိုလ်များက ပအိုဝ်းစာပေဘာသာ အမျိုးအစားအလိုက် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကိုဆုပေးအပ်ခြင်းနှင့်၊ ပအိုဝ်းစာပေနှင့် သုဝဏ္ဏဘူမိဓ္ဓမစကူးသင်တန်းကိုသင်ကြားပေးသော ဆရာ၊ ဆရာမများကိုလည်းပြန်လည်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်းသိရသည်။ ထို့အပြင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုချီးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

news-view-count-icon

13