အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ သောမတ်စ်တူဟယ်လ်က ဂျပန်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ ပြောကြားခဲ့ပါတယ်။အင်္ဂလန်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျပန်အသင်းကို (၀-၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အင်္ဂလန်အသင်းအနေနဲ့ အာရှအသင်းတွေနဲ့ (၁၁)ကြိမ်မြောက် ရင်ဆိုင်ရာမှာ ပထမဆုံးအကြိမ် ရှုံးနိမ့်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ဒါက နည်းပြ သောမတ်စ်တူဟယ်လ် ကိုင်တွယ်ခဲ့တဲ့ကာလအတွင်း ဒုတိယမြောက်ရှုံးပွဲဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် နောက်ဆုံးယှဉ်ပြိုင်ကစားခဲ့တဲ့ ဝင်ဘလေကွင်းပွဲစဉ်မှာ ရှုံးနိမ့်ခြင်းလည်းဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ ဇွန်လမှာ ခြေစမ်းပွဲနှစ်ပွဲ ထပ်ကစားဖို့ စီစဉ်ထားပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အိမ်ရှင်နိုင်ငံဖြစ်တဲ့ အမေရိကန်နိုင်ငံမှာသာ ယှဉ်ပြိုင်သွားတော့မှာပါ။ဂျပန်နဲ့ပွဲမှာ အင်္ဂလန်အသင်းက အသင်းခေါင်းဆောင် ဟာရီကိန်းအပါအဝင် ဒက်ကလန်ရိုက်စ်၊ ဆာကာတို့ ပါဝင်ခြင်းမရှိဘဲ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြက ရှုံးပွဲတိုင်းက နာကျင်ရပေမဲ့ အမှန်အတိုင်းမြင်ပြီး သင်ခန်းစာယူရမယ်လို့ ပြောကြား
Apr 02 • 2:31 AM
Myanmar
International
Share
| 14 | 0 | 0 | 0 |


