back

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခြင်းက မယုံနိုင်စရာကောင်းတဲ့ ခံစားမှုလို့ ဂရေဟမ်ပေါ်တာ ပြောကြား

Apr 02 • 2:30 AM

breaking-news

Myanmar

International

cover

ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခြင်းက မယုံနိုင်စရာကောင်းတဲ့ ခံစားမှုလို့ ဂရေဟမ်ပေါ်တာ ပြောကြား

ဆွီဒင်လက်ရွေးစင်အသင်းရဲ့နည်းပြ ဂရေဟမ်ပေါ်တာက ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခြင်းက မယုံနိုင်စရာကောင်းတဲ့ ခံစားမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဂရေဟမ်ပေါ်တာက ဆွီဒင်...

ဆွီဒင်လက်ရွေးစင်အသင်းရဲ့နည်းပြ ဂရေဟမ်ပေါ်တာက ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခြင်းက မယုံနိုင်စရာကောင်းတဲ့ ခံစားမှုဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ဂရေဟမ်ပေါ်တာက ဆွီဒင်အသင်းကို ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပြီး ကိုင်တွယ်ခဲ့တဲ့ကာလက (၅)လကျော်သာ ရှိပါသေးတယ်။ချယ်လ်ဆီးအသင်းရဲ့နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ အင်္ဂလန်နိုင်ငံသား ဂရေဟမ်ပေါ်တာက ၂၀၂၅ စက်တင်ဘာမှာ ဝက်စ်ဟမ်းအသင်းက ထုတ်ပယ်ခံခဲ့ရပြီးနောက် ၂၀၂၅ အောက်တိုဘာမှာ ဆွီဒင်အသင်းရဲ့နည်းပြအဖြစ် ကာလတိုစာချုပ်နဲ့ ခန့်အပ်ခံခဲ့ရတာပါ။ဒါပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် Play-offs ပွဲစဉ်တွေ မယှဉ်ပြိုင်ခင်မှာပဲ ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ဂရေဟမ်ပေါ်တာကို ၂၀၃၀ အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ပါတယ်။ဂရေဟမ်ပေါ်တာကလည်း Play-offs ဆီမီးဖိုင်နယ်မှာ ယူကရိန်းကို (၃-၁)ဂိုး၊ ဗိုလ်လုပွဲမှာ ပိုလန်ကို (၃-၂)ဂိုးနဲ့ အနိုင်ယူပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့ပြီးနောက် ဂရေဟမ်ပေါ်တာက ''မယုံနိုင်စရာခံစားမှုပါပဲ။ ကျွန်တော် ဘီယာတစ်ခွက်သောက်ပြီးမှ ကမ္ဘာ့ဖလားအကြောင်း စဉ်းစားမှာပါ။ ကျွန်တော်တို့ ဒဲလက်စ်ကို သွားမှာပါ။ ကျွန်တော့်ရဲ့ ကောင်းဘွိုင်ဦးထုပ်ကိုလည်း ဖုန်ခါရတော့မှာပါ'' လို့ ပြောကြားခဲ့ပါတယ်။

news-view-count-icon

19