back

ပြည်တွင်းဓာတ်မြေသြဇာတင်သွင်းမှုအတွက် ကြိုတင်ဝင်ငွေခွန်ကောက်ခံမှုကို ဧပြီတစ်လလုံးကင်းလွတ်ခွင့်ပြု

Apr 02 • 2:28 AM

breaking-news

Myanmar

Local

breaking-news
cover

ပြည်တွင်းဓာတ်မြေသြဇာတင်သွင်းမှုအတွက် ကြိုတင်ဝင်ငွေခွန်ကောက်ခံမှုကို ဧပြီတစ်လလုံးကင်းလွတ်ခွင့်ပြု

ပြည်တွင်းဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိကင်းလွတ်ခွင့်ပြုခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်...

ပြည်တွင်းဓာတ်မြေဩဇာများတင်သွင်းမှုအပေါ်ကောက်ခံသည့် ကြိုတင်ဝင်ငွေခွန်(၂)ရာခိုင်နှုန်းကို ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိကင်းလွတ်ခွင့်ပြုခဲ့ကြောင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနထံမှ သိရသည်။နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခြေ ခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ၏ ကုန်ထုတ်လုပ်မှုစရိတ်များလျော့ကျစေရန်အတွက် ကင်းလွတ်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ အခွန်ကင်းလွတ်ခွင့်သည် ဧပြီ ၁ ရက်မှ ဧပြီ ၃၀ ရက်အထိ အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID)ဖွင့်လှစ်တင်သွင်းသည့်ဓာတ်မြေဩ ဇာများအပေါ် အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

30