ကမ္ဘာ့အပူဆုံးမြို့ကြီး ၁၅ မြို့တွင် မြန်မာနိုင်ငံမှ မြို့ရှစ်မြို့ ပါဝင်လာပြီးထိပ်ဆုံးတွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့က ရပ်တည်နေကြောင်း EL Dorado Weather ၏ ထုတ်ပြန်ချက်အရ သိရသည်။ဧပြီ ၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည့် စာရင်းများအရ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့မှာ အပူချိန် ၄၃ ဒီဂရီ စင်တီဂရိတ်ဖြင့် အဆင့် (၁)နေရာတွင်လည်းကောင်း၊ မကွေးမြို့မှာ ၄၁ ဒသမ ၈ဒီဂရီစင်တီဂရိတ်ဖြင့်အဆင့် (၃) တွင်လည်း ကောင်း၊ ချောက်မြို့ မှာ ၄၁ ဒသမ ၄ ဒီဂရီစင်တီဂရိတ်ဖြင့်အဆင့် (၄) နေရာ တွင်လည်းကောင်း၊ တောင်ငူမြို့မှာ ၄၁ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် (၅) နေရာတွင်လည်း ကောင်း အသီးသီးတည်ရှိနေသည်။ ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ၄၀ဒသမ ၆ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် (၇) တွင်လည်းကောင်း၊ ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့၊ကရင်ပြည်နယ် ဘားအံမြို့နှင့် မိတ္ထီလာမြို့များမှာ၄၀ ဒီဂရီ စင်တီဂရိတ်ဖြင့် အဆင့် (၁၃)၊ အဆင့် (၁၄)နှင့် အဆင့် (၁၅) တွင်လည်းကောင်း အသီးသီးရပ်တည်လျက်ရှိသည်။အဆိုပါစာရင်းများတွင် မြန်မာနိုင်ငံမှ မြို့များအပါအဝင် တောင်အာဖရိကနိုင်ငံမှ မြို့တစ်မြို့၊ ထိုင်းနိုင်ငံမှ မြို့လေးမြို့၊ အိန္ဒိယနိုင်ငံမှ မြို့နှစ်မြို့ အစရှိသည်တို့လည်း ပါဝင်နေသည်ကို တွေ့ရသည်။မတ်လကုန်ပိုင်းမှ စတင်ကာ ကမ္ဘာ့အပူဆုံးမြို့များတွင် မြန်မာနိုင်ငံမှ မြို့များပါဝင်လာပြီး ယခင်က အပူဆုံးမြို့များတွင် အမြဲတမ်းနီးပါးပါဝင်နေသည့် အာဖရိကတိုက်နိုင်ငံများနှင့် အိန္ဒိယနိုင်ငံများရှိ မြို့များကိုကျော်ဖြတ်ကာ အပူဆုံးမြို့များတွင်ထိပ်ဆုံးသို့ရောက်ရှိလာ ကြောင်း တွေ့ရသည်။



