back

ကယားပြည်နယ်၊ဖရူဆိုဒေသတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် သောက်သုံးရေပြဿနာတွေ ပိုတိုး‌လာနေ

Apr 02 • 1:42 AM

breaking-news

Myanmar

Kayah

cover

ကယားပြည်နယ်၊ဖရူဆိုဒေသတွင် စက်သုံးဆီပြတ်လပ်မှုကြောင့် သောက်သုံးရေပြဿနာတွေ ပိုတိုး‌လာနေ

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင် နိုင်ငံတော်တော်များများဟာ ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေကြချိန်မှာ ကရင်နီပြည်၊ ဖရူဆ...

အရှေ့အလယ်ပိုင်းဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မြန်မာအပါအဝင် နိုင်ငံတော်တော်များများဟာ ဆီပြတ်လပ်မှုနဲ့ ကြုံတွေ့နေကြချိန်မှာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းက ဒေသခံတွေကတော့ ဆီပြတ်လပ်မှုနောက်ဆက်တွဲအနေနဲ့ ရေရှားတဲ့ပြဿနာကို ပိုတိုးပြီး ရင်ဆိုင်နေကြရပါတယ်။ နှစ်စဉ်နွေရာသီရောက်တိုင်း သောက်သုံးရေရှားပါးတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရတဲ့ အဲ့ဒီဒေသဟာ ဝေးလံတဲ့ ရေအရင်းအမြစ်ရှိရာကို သွားရောက် ခပ်ယူကြရတာပါ။ ရေခပ်ယူဖို့အတွက် ဆိုင်ကယ် ဒါမှမဟုတ် ထော်လာဂျီ၊ ကား တွေအသုံးပြုပြီး အနည်းဆုံး ၁နာရီ ကြာအောင် သွားရတာကြောင့် စက်သုံးဆီတွေ စျေးတက်ပြီး၊ ဝယ်မရတဲ့အထိပြတ်လပ်လာတဲ့အချိန်မှာ ဒုက္ခတွေက ပိုတိုးလာတာပါ။"ကျမတို့ ရေသွားခပ်ဖို့ ဆိုတာက ဓာတ်ဆီစျေးနှုန်း အရမ်းကြီး စျေးတက်နေတော့၊ ကျမတို့ မဝယ်နိုင်တော့ ခက်ခဲနေတာပေါ့နော" လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။လမ်းခရီးဝေးလံတာကြောင့် ကိုယ်တိုင် ရေသွားမခပ်ယူနိုင်သူတွေဟာ ရေကိုတဆင့် ပြန်ဝယ်သုံးနေကြရပါတယ်။ ၅ ဂါလံ တစ်ပုံးအတွက် ကျပ် ၂,၀၀၀ ၊ တစ်ထောင်လီတာဆံ့ ရေတိုင်ဂီပုံး အတွက် ကျပ် ၅၀,၀၀၀ အထိ ဝယ်ယူသုံးစွဲနေရပါတယ်။ နေရာဒေသအပေါ်မူတည်ပြီး စျေးကွားခြားမှုလည်း ရှိနေပါတယ်။

news-view-count-icon

16