ဧရာ၀တီတိုင်းအတွင်းမှာ နွေစပါးပေါ်ချိန် စပါးစျေးတွေ ထိုးကျနေပေမယ့် ဆန်စျေးကတော့ တဖြည်းဖြည်းမြင့် တက်လာနေပြီး ထပ်တက်လာနိုင်သေးတယ်လို့ ဆန်စက်လုပ်ငန်းရှင်တွေနဲ့ ဒေသခံတွေက ပြောကြပါတယ်။လက်ရှိမှာ ပေါ်ဆန်းမွှေးဆန်တအိတ်ကို ကျပ်တသိန်းခွဲကနေ တသိန်းကိုးသောင်းဝန်းကျင်ထိ စျေးရှိနေပြီး မနော သုခ(မိုး)တအိတ်ကို ၇၃၀၀၀၊ မနောသုခ(နွေ)တအိတ်ကို ၆၄၀၀၀၊ ရက်ကိုးဆယ် တအိတ်ကို ရှစ်သောင်း၊ G11 စာဖိုးသာ တအိတ်ကို ခြောက်သောင်းဝန်ကျင် စျေးရှိနေပါတယ်။အရင်တုန်းကတော့ ပေါ်ဆန်းမွှေဆန်တအိတ်ကို ကျပ်တသိန်းသုံးသောင်းကနေ တသိန်းခြောက်သောင်းခွဲဝန်း ကျင်နဲ့ မနောသုခဆန်ဟာ ကျပ်ခြောက်သောင်းဝန်းကျင်သာ ရှိခဲ့တာဖြစ်ပြီး အခုလပိုင်းအတွင်း စျေးတက်လာခဲ့ တာလို့ ဆိုပါတယ်။



