ထိုင်းနိုင်ငံရှိ မြို့ပြဒေသအများအပြားတွင် မြူခိုးနှင့်ဖုန်မှုန့်ငယ်(PM 2.5)များ အလွန်ဆိုးရွားသည့်အဆင့်သို့ ရောက်ရှိနေသဖြင့် ထိုင်းရောက် မြန်မာလုပ်သားများနှင့် ကျောင်းသားကျောင်းသူများ ကျန်းမာရေးကို အထူးဂရုစိုက်ရန် လိုအပ်နေကြောင်း သက်ဆိုင်ရာ ကျန်းမာရေးအဖွဲ့အစည်းများနှင့်ထိုင်းရောက်မြန်မာများက သတိပေးထားသည်။လက်ရှိတွင် ထိုင်းနိုင်ငံမြောက်ပိုင်း၊ ခရီးသွားမြို့တော်ဖြစ်သည့် ချင်မိုင်မြို့သည် မတ်လ ၂၉ ရက်နေ့မှ ယမန်နေ့ ၁ ရက်နေ့ (ဗုဒ္ဓဟူးနေ့) အထိ ၄ ရက် ဆက်တိုက် ကမ္ဘာ့လေထုညစ်ညမ်းမှု အမြင့်ဆုံးမြို့အဖြစ် ဆက်လက်တည်ရှိနေပြီး လေထုညစ်ညမ်းမှု AQI အညွှန်းကိန်း ၂၀၀ ကျော်အထိ ရှိနေကြောင်း သိရသည်။ထိုအပြင် ထိုင်းနိုင်ငံအလယ်ပိုင်းရှိ ဘန်ကောက်မြို့တွင်လည်း မြူခိုးနှင့် ဖုန်မှုန့်ငယ်(PM 2.5)များ မြင့်တက်လာနေသဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသူများ ကျန်းမာရေးဂရုစိုက်ပြီးနေထိုင်ရန်လိုအပ်ကြောင်း သက်ဆိုင်ရာကျန်းမာရေးဌာနများက ထုတ်ပြန်ထားကြသည်။
ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှုပိုမိုဆိုးရွားလာသဖြင့် ထိုင်းရောက်မြန်မာများ ကျန်းမာရေးဂရုစိုက်ကြရန် သတိပေး
Apr 02 • 1:31 AM
Thailand
Local News
Share
| 16 | 0 | 0 | 0 |


