back

မကွေးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့်ယိမ်း အကပြိုင်ပွဲများ ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

Apr 02 • 1:32 AM

breaking-news

Myanmar

Magway

cover

မကွေးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား လမ်းလျှောက်သင်္ကြန်နှင့်ယိမ်း အကပြိုင်ပွဲများ ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်

၁၃၈၇ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို လမ်းလျှ...

၁၃၈၇ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မကွေးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် ကမ်းနားလမ်းတစ်လျှောက် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း မဟာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မကွေးမြို့ We Love Magway အနီး ကျောက်သားဥယျာဉ်ပန်းခြံမှ ကမ်းနားလမ်းတစ်လျှောက်  လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ တေးဂီတ ဖျော်ဖြေပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင် ကြမည့် ရပ်ကွက်ယိမ်းအကအဖွဲ့  (၇) ဖွဲ့၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့ (၁၁) ဖွဲ့ စုစုပေါင်း ယိမ်းအကအဖွဲ့ (၁၈) ဖွဲ့များမှာ သက်ဆိုင်ရာနေရာအသီးသီးတို့တွင် အဖွဲ့လိုက် ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်လျက် ရှိ‌နေသည်ဟု သိရသည်။

news-view-count-icon

25