back

မိုးကုတ်မှာ ကျောက်တောင်ပြိုကျလို့ ရေပိုက်လိုင်းတွေ ပျက်စီး၊ မြို့ပေါ်ရပ်ကွက်အချို့ ရေအခက်အခဲရှိနိုင်

Apr 01 • 4:06 PM

breaking-news

Myanmar

Mandalay

cover

မိုးကုတ်မှာ ကျောက်တောင်ပြိုကျလို့ ရေပိုက်လိုင်းတွေ ပျက်စီး၊ မြို့ပေါ်ရပ်ကွက်အချို့ ရေအခက်အခဲရှိနိုင်

မိုးကုတ်မြို့မှာ ဧပြီ ၁ ရက် မနက်ပိုင်းက ရေပေါက်တစ်ရာရပ်အနီးမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားပြီး မြို့တွင်းသို့ ရေသွယ်တန်းပေးထားတဲ့ ၆လက်မနဲ့ ၄ လက်မ ရေပိုက်လိုင်း...

မိုးကုတ်မြို့မှာ ဧပြီ ၁ ရက် မနက်ပိုင်းက ရေပေါက်တစ်ရာရပ်အနီးမှာ ကျောက်တောင်ပြိုကျမှုဖြစ်ပွားပြီး မြို့တွင်းသို့ ရေသွယ်တန်းပေးထားတဲ့ ၆လက်မနဲ့ ၄ လက်မ ရေပိုက်လိုင်းများအပြင် အခြားဆက်စပ်ပစ္စည်းများပါ ပျက်စီးသွားခဲ့ကြောင်း ဒေသခံအချို့က ပြောပါတယ်။လက်ရှိမှာ မြို့နယ်စည်ပင်နဲ့ သက်ဆိုင်ရာ ရပ်ကွက်ရေကော်မတီတွေ ပူးပေါင်းကာ အမြန်ဆုံး ပြန်လည်ပြုပြင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ယခုကဲ့သို့ ရေပေးဝေရေး အခက်အခဲဖြစ်ရတာဟာ ရေအရင်းအမြစ်ထွက်ရှိရာ နေရာများအထိပါ စနစ်တကျမရှိဘဲ ကျောက်တူးဖော်နေကြခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံများက ဝေဖန်ထောက်ပြကြပါတယ်။ မိုးကုတ်မြို့မှာ ရေအရင်းအမြစ်ထွက်တဲ့နေရာတွေကိုပါ ကျောက်တူးကြသူတွေရှိနေတာကြောင့် ရေရရှိရေး အခက်အခဲဖြစ်လာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။ 


news-view-count-icon

12