ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် (၁၁) ရပ်ကွက်၊ အနော်ရထာလမ်းမကြီးပေါ်တွင် ယနေ့ (ဧပြီလ ၁) ညနေ ၇နာရီခွဲက ယာဥ်တိုက်မှု ဖြစ်ပွားကြောင်း သိရပါတယ်။ဘေးတွဲမော်တော်ဆိုင်ကယ် ယာဉ်မောင်း ဦးလှကြိုင်(ခ)ဦးညီညီထွန်း၊ စိန်သရဖူ(၂)လမ်း၊ကုလားကြီးစုကျေးရွာအုပ်စုနေသူ၏ ရုပ်ကလပ်အား သွေးဒါနမျိုးဆက်လူမှုကယ်ဆယ်ရေးအသင်းမှ လူနာတင်ယာဥ်ဖြင့်လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ပြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် ယာဥ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရပါတယ်။



