back

ဘန်ကောက်တွင် EV ကားတစ်စီး 7-Eleven ထဲ အရှိန်ပြင်းစွာ ထိုးဝင်၊ နိုင်ငံခြားသားများအပါအဝင် ၈ ဦး ဒ-ဏ်ရာရ

Apr 01 • 4:05 PM

breaking-news

Thailand

Local News

cover

ဘန်ကောက်တွင် EV ကားတစ်စီး 7-Eleven ထဲ အရှိန်ပြင်းစွာ ထိုးဝင်၊ နိုင်ငံခြားသားများအပါအဝင် ၈ ဦး ဒ-ဏ်ရာရ

ဘန်ကောက်မြို့၊ Bang Lamphu နယ်မြေရှိ စွိုင်းရာဘုသျှရီ (Soi Rambuttri) လမ်းထိပ်မှာ ယနေ့ ဧပြီလ ၁ ရက်နေ့က ထိတ်လန့်ဖွယ်ရာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။အသက် ...

ဘန်ကောက်မြို့၊ Bang Lamphu နယ်မြေရှိ စွိုင်းရာဘုသျှရီ (Soi Rambuttri) လမ်းထိပ်မှာ ယနေ့ ဧပြီလ ၁ ရက်နေ့က ထိတ်လန့်ဖွယ်ရာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။အသက် ၅၇ နှစ်အရွယ် အမျိုးသမီးမောင်းနှင်လာတဲ့ လျှပ်စစ်ကား (EV) ဟာ အဝိုင်းပတ်ကို ပုံမှန်မဟုတ်ဘဲ (၂) ပတ်ခန့် ပတ်မောင်းပြီးနောက် အရှိန်မထိန်းနိုင်ဘဲ သုံးဘီးကားကို အရင်တိုက်မိကာ 7-Eleven ဆိုင်အတွင်းထိ အရှိန်ပြင်းစွာ ထိုးဝင်သွားခဲ့ခြင်း ဖြစ်ပါတယ်။ဒီဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံသား (၆) ဦးနဲ့ ဂျာမနီနိုင်ငံသား ခရီးသွား (၂) ဦး၊ စုစုပေါင်း ၈ ဦး ဒ-ဏ်ရာရရှိခဲ့ပါတယ်။ယာဉ်မောင်းဖြစ်သူက "ကားဘရိတ်ပေါက်ပြီး ထိန်းမရလို့ဖြစ်တာပါ" လို့ ထွက်ဆိုထားပေမဲ့၊ ရဲတပ်ဖွဲ့ကတော့ ယာဉ်မောင်းရဲ့ ပေါ့ဆမှုလား ဒါမှမဟုတ် စက်ပိုင်းဆိုင်ရာ ချို့ယွင်းချက်လားဆိုတာကို CCTV မှတ်တမ်းတွေနဲ့အတူ ဆက်လက်စစ်ဆေးနေဆဲ ဖြစ်ပါတယ်။


news-view-count-icon

11