back

ထိုင်းမှ ရိုက်ကူးသည့် မြန်မာနှင့် နှီးနွှယ်သော ရာဇဝင်ဇာတ်ကားများ ပုံစံပြောင်းလာ

Apr 01 • 3:03 PM

breaking-news

Thailand

Local News

cover

ထိုင်းမှ ရိုက်ကူးသည့် မြန်မာနှင့် နှီးနွှယ်သော ရာဇဝင်ဇာတ်ကားများ ပုံစံပြောင်းလာ

ထိုင်းနိုင်ငံမှ ရိုက်ကူးသည့် မြန်မာနှင့် နှီးနွှယ်သည့် ရာဇဝင်ဇာတ်ကားများမှာ ပုံစံပြောင်းလာနေပြီး ချစ်ကြည်ရေးသဘောဆန်လာကြောင်း သိရသည်။ ယခင်က မြန်မာနှင့်ပတ်သက်၍ ထိ...

ထိုင်းနိုင်ငံမှ ရိုက်ကူးသည့် မြန်မာနှင့် နှီးနွှယ်သည့် ရာဇဝင်ဇာတ်ကားများမှာ ပုံစံပြောင်းလာနေပြီး ချစ်ကြည်ရေးသဘောဆန်လာကြောင်း သိရသည်။ ယခင်က မြန်မာနှင့်ပတ်သက်၍ ထိုင်းနိုင်ငံဘက်က ရိုက်ကူးသောရာဇဝင်ဇာတ်ကားများတွင် မြန် မာကို ဗီလိန်အဖြစ်ထားသောပုံစံမျိုးရှိခဲ့ပြီး ယင်းဇာတ်ကားများသည် နာမည်ကြီးခဲ့သည်။ လတ်တလောတွင် ထိုင်း-မြန်မာ သမိုင်း ကြောင်းကိုအခြေခံကာရိုက်ကူးထားသော Hongsa­ wadee: The Last Duel ရုပ်ရှင်ဇာတ်လမ်းတွဲကို ထိုင်းနိုင်ငံအခြေစိုက်ရုပ်သံလိုင်း Channel One31 တွင် မကြာသေးခင်ရက်ပိုင်းက ထုတ်လွှင့်ပြသနေပြီး မြန်မာပရိသတ်အကြား ရေပန်းစားနေကြောင်းသိရသည်။ 



news-view-count-icon

10