back

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကန့်သတ်တဲ့ အစီအမံကို ဂျပန် ရပ်ဆိုင်းမည်

Apr 01 • 3:02 PM

breaking-news

Japan

Local News

cover

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကန့်သတ်တဲ့ အစီအမံကို ဂျပန် ရပ်ဆိုင်းမည်

ဂျပန်အစိုးရက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေရဲ့ လုပ်ငန်းလည်ပတ်မှုကို ကန့်သတ်ဖို့ ရည်ရွယ်တဲ့ အစီအမံတစ်ခုကို ရပ်ဆိုင်းမယ်လို့ ပြောပါတယ်။ အီရန်နိုင်ငံမှာ ဖြစ...

ဂျပန်အစိုးရက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေရဲ့ လုပ်ငန်းလည်ပတ်မှုကို ကန့်သတ်ဖို့ ရည်ရွယ်တဲ့ အစီအမံတစ်ခုကို ရပ်ဆိုင်းမယ်လို့ ပြောပါတယ်။ အီရန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခက ဓာတ်အားပေးစက်ရုံတွေမှာ အများဆုံးအသုံးပြုတဲ့ သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့မှုကို ခြိမ်းခြောက်ရာရောက်နေတဲ့အချိန်မှာ အဲဒီလုပ်ဆောင်ချက် ထွက်ပေါ်လာတာပါ။ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုဟာ LNG အပါအဝင် တခြားအပူစွမ်းအင်အမျိုးအစားတွေထက် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ပိုများပါတယ်။ ဂျပန်ဟာ သူ့ရဲ့ LNG ရဲ့ ၁၁ ရာခိုင်နှုန်းလောက်ကို အရှေ့အလယ်ပိုင်းဒေသကနေ ရရှိပါတယ်။ ဒါပေမဲ့ အစိုးရဟာ ဧပြီလမှာ စတင်မယ့် ၂၀၂၆ ဘဏ္ဍာရေးနှစ်တစ်လျှောက်လုံး အဲဒီအစီအမံကို ရပ်ဆိုင်းမယ်လို့ ပြောပါတယ်။


news-view-count-icon

1