back

Changi Airport T5 ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးဟောင်းကြီးတစ်ခုတွေ့ရှိ

Apr 01 • 2:56 PM

breaking-news

Singapore

Local News

cover

Changi Airport T5 ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ဒုတိယကမ္ဘာစစ်လက်ကျန် ဗုံးဟောင်းကြီးတစ်ခုတွေ့ရှိ

စင်ကာပူနိုင်ငံ Changi Airport ရဲ့ Terminal 5 (T5) ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးမှာ အလေးချိန် ၂၅၀ ကီလိုဂရမ်ရှိတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် ဝေဟင်ဗုံးဟောင်းတစ်လုံးကို မ...

စင်ကာပူနိုင်ငံ Changi Airport ရဲ့ Terminal 5 (T5) ဆောက်လုပ်ရေးလုပ်ငန်းခွင်အနီးမှာ အလေးချိန် ၂၅၀ ကီလိုဂရမ်ရှိတဲ့ ဒုတိယကမ္ဘာစစ်လက်ကျန် ဝေဟင်ဗုံးဟောင်းတစ်လုံးကို မတ်လ ၃၁ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်၊၊ စင်ကာပူရဲတပ်ဖွဲ့ (SPF) ရဲ့ ထုတ်ပြန်ချက်အရ မတ်လ ၃၁ ရက်နေ့ မနက် ၄ နာရီ ၅၅ မိနစ်ဝန်းကျင်မှာ Tanah Merah Coast Road တစ်လျှောက် ဆောက်လုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် ဒီဗုံးဟောင်းကို တွေ့ရှိခဲ့တာလို့ အတည်ပြုထားပါတယ်၊၊ အဆိုပါနေရာဟာ Changi East ဖွံ့ဖြိုးရေးစီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Terminal 5 အသစ် တည်ဆောက်မယ့် နေရာလည်း ဖြစ်ပါတယ်၊၊ စင်ကာပူတပ်မတော် (SAF) ရဲ့ ဗုံးရှင်းလင်းရေးအဖွဲ့ (EOD) က စစ်ဆေးပြီးနောက်မှာတော့ ဒီဗုံးဟောင်းဟာ ရွှေ့ပြောင်းဖို့ မလုံခြုံတာကြောင့် တွေ့ရှိတဲ့နေရာမှာတင် ဖောက်ခွဲဖျက်ဆီးပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်၊၊ အဲဒါကြောင့် ဧပြီလ ၂ ရက်နေ့ မနက်အစောပိုင်း ၂ နာရီခွဲကနေ ၄ နာရီခွဲအတွင်းမှာ စနစ်တကျ ထိန်းချုပ်ဖောက်ခွဲသွားမှာ ဖြစ်ပါတယ်၊၊ 



news-view-count-icon

1