တရုတ်-လာအို ရထားလမ်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်က စတင်ပြေးဆွဲချိန်မှစ၍ ခရီးသည်ခရီးစဉ် သန်း ၇၀ ကျော် ကိုင်တွယ်ဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ်နိုင်ငံ ရထားလုပ်ငန်း ကူမင်း ကုမ္ပဏီအုပ်စုက မတ် ၃၁ ရက်၌ ထုတ်ပြန်သော အချက်အလက်အရ သိရသည်။ တရုတ်-လာအို ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသည့် အထင်ကရ စီမံကိန်းဖြစ်သော အဆိုပါ ရထားလမ်းသည် ရှစ်ဆောင်ပဏ္ဏား၊ ကူမင်းမြို့၊ လွမ်ပရာဘန်မြို့နှင့် ဗီယင်ကျန်းမြို့ အပါအဝင် နာမည်ကျော်ခရီးသွားနေရာများကို ချိတ်ဆက်ထားပြီး ရှုခင်းသာနေရာ ၅၆၀ ကျော် ပါဝင်သည့် နယ်စပ်ဖြတ်ကျော် ခရီးသွားလာရေးအတွက် အဓိက စင်္ကြံတစ်ခုဖြစ်သည်။ အဆိုပါ ရထားလမ်း၏ တရုတ်နိုင်ငံအပိုင်းတွင် နေ့စဉ် ပျမ်းမျှခရီးသည်တင်ရထားအရေအတွက်မှာ ရထားလမ်းစတင်ပြေးဆွဲချိန် အစောပိုင်းရက်များက အစင်းရေ ၈ စင်းရှိရာမှ ၈၆ စင်းအထိလည်းကောင်း၊ လာအိုနိုင်ငံအပိုင်း၌မူ ရထားအစင်းရေ ၄ စင်းရှိရာမှ ၁၈ စင်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။



