ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မဈေးတွင် ခါတိုင်းနှစ် ဒီလိုသင်္ကြန်အခါရက်ကြီးနီးတဲ့အခါမျိုးတွင် ဈေးရောင်းသူတွေ အလွန်ရောင်းကောင်းကြပေမယ့် ဒီနှစ်မှာဈေးဝယ်သူထက် ဈေးရောင်းသူတွေကသာများနေသည်။ စက်သုံးဆီဝယ်ယူရန် အခက်အခဲများကြောင့် ဈေးသွားမသုံးကြတော့ပဲ ဟင်းသီးဟင်းရွက်များကို ကားနှင့် လှည့်ပတ်ပြီးရောင်းတဲ့သူထံ ဝယ်ယူကြတာများလာကြောင်း သိရသည်။ခါတိုင်းနှစ်များတွင် ယခုလိုအချိန်၌ ပြောင်းမျိုးစေ့၊ မြေဩဇာများ ဝယ်ထားကြပြီး သင်္ကြန်အခါပြီးတာနှင့် စိုက်ပျိုးသည်။ ယခုနှစ်တွင် စက်သုံးဆီအခက်အခဲကြောင့် ထွန်ယှက်ရန်အတွက်လည်း အခက်ခဲရှိနေကြောင်း ပြောင်းမျိုးစေ့နှင့် မြေဩဇာရောင်းသူတွေလည်း အရောင်းပါးနေကြောင်း သိရသည်။



