back

တောင်ကြီးမြို့တွင် ရေမြောင်းအတွင်း အမှိုက်ခိုးပစ်မှု ပိုဆိုးလာနေ

Apr 01 • 2:46 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးမြို့တွင် ရေမြောင်းအတွင်း အမှိုက်ခိုးပစ်မှု ပိုဆိုးလာနေ

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဆီစျေးနှုန်းအဆမတန်မြှင့်တက်မှု၊ ဆီရရှိရန် ခက်ခဲမှုတို့ကြောင့် အမှိုက်ကားရောက်လာမှု ယခင်ကထက် နောက်ကျနေသဖြင့် အမှိုက်ကိ...


ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ဆီစျေးနှုန်းအဆမတန်မြှင့်တက်မှု၊ ဆီရရှိရန် ခက်ခဲမှုတို့ကြောင့် အမှိုက်ကားရောက်လာမှု ယခင်ကထက် နောက်ကျနေသဖြင့် အမှိုက်ကိုရေမြောင်းထဲ ခိုးပစ်နေကြသည်။တောင်ကြီး အမှိုက်သိမ်းကားသည် ပုံမှန် တစ်ပတ်(၂)ကြိမ် ရပ်ကွက်အတွင်း အမှိုက်လာရောက်သိမ်းယူကြောင်း သိရသည်။အလွန်ကြပ်တည်းသည့်ကာလ၌ ရပ်ကွက်တွင်း အမှိုက်ကားရောက်လာမှု နောက်ကျခြင်း ရှိနိုင်သော်လည်း မလာဘဲပျက်ကွက်တာမျိုး မဖြစ်ရအောင် ကြိုးစားဆောင်ရွက်နေကြောင်း အသိပေးထားသော်လည်း အမှိုက်ကိုစည်းကမ်းမဲ့ ရေမြောင်းထဲပစ်နေကြသည်။တောင်ကြီးအမှိုက်သိမ်းအီကို ကုမ္ပဏီဘက်တွင် လက်ရှိဖြစ်ပေါ်နေသည့် စက်သုံးဆီပြတ်လပ်မှုနှင့် စျေးကြီးမြှင့်တက်မှုကြောင့် အမှိုက်သယ်ယူရာတွင် အခက်ခဲများစွာ ကြုံတွေ့နေကြောင်း ဒေသခံများကို အသိပေးထားသည်။




news-view-count-icon

13