ယနေ့ ဧပြီလ ၁ ရက်မှ စတင်ကာ ရေသန့် ၂၀ လီတာတစ်ဗူးလျှင် ၂၀၀၀ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း မော်လမြိုင်မြို့ခံများ၏ ပြောပြချက်အရ သိရသည်။အထွေထွေကုန်ကျစရိတ်များ မြင့်မားလာခြင်း၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ရေသန့်လုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်လာခြင်းကြောင့် ဈေးတက်ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။ယခင်တွင် ရေသန့် ၂၀ လီတာတစ်ဗူးလျှင် ၁၅၀၀ ကျပ် ဖြင့် ရောင်းချနေသော်လည်း ယနေ့မှစတင်ကာ ၂၀၀၀ ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရသည်။



