back

မြဝတီမြို့နယ်ကို ခိုးဝင်ပြီး အွန်လိုင်းက လိမ်လည်ခဲ့တဲ့ နိုင်ငံခြားသား ၁၃,၄၀၄ ဦးကိုပြန်ပို့

Apr 01 • 8:59 AM

breaking-news

Myanmar

Kayin

cover

မြဝတီမြို့နယ်ကို ခိုးဝင်ပြီး အွန်လိုင်းက လိမ်လည်ခဲ့တဲ့ နိုင်ငံခြားသား ၁၃,၄၀၄ ဦးကိုပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသအတွင်းသို့ တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုဒုစရိုက်များ ကျူးလွန်ခဲ့သည့် နိုင်ငံခြားသား ၁၄,၆၁၇ ...

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသအတွင်းသို့ တရားမဝင်ဝင်ရောက်ကာ အွန်လိုင်းလောင်းကစားနှင့် လိမ်လည်မှုဒုစရိုက်များ ကျူးလွန်ခဲ့သည့် နိုင်ငံခြားသား ၁၄,၆၁၇ ဦးကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၆ ခုနှစ် မတ်လကုန်အထိ ဖမ်းဆီးရမိခဲ့ပြီး၊ ၎င်းတို့အနက် ၁၃,၄၀၄ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။ ကျန်ရှိနေသည့် ပြည်ပနိုင်ငံသား ၁,၂၁၃ ဦးအနက် ၇၄၁ ဦးကို လူဝင်မှုကြီးကြပ်ရေးဥပဒေအရ အရေးယူထားကာ ကျန် ၄၇၂ ဦးကိုလည်း လွှဲပြောင်းရန် စီစဉ်နေပြီး၊ လတ်တလောတွင်လည်း ဖိလစ်ပိုင်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးဦးကို မြန်မာ-ထိုင်း အမှတ် (၁) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ထပ်မံလွှဲပြောင်းပေးခဲ့သည်။ အဆိုပါနိုင်ငံခြားသားများသည် အိမ်နီးချင်းနိုင်ငံများကို ဖြတ်ကျော်ကာ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် တရားမဝင်ဝင်ရောက်လာကြခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

11