World Air Quality Index (AQI) ၏ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်၊ မွန်းတည့် ၁၂ နာရီ ၃၅ မိနစ် ထုတ်ပြန်ချက်အရ ရန်ကုန်မြို့၏ လေထုညစ်ညမ်းမှုညွှန်းကိန်းသည် အဆင့် ၁၆၂ အထိ ရှိနေပြီး ကမ္ဘာ့နိုင်ငံပေါင်း ၁၂၂ နိုင်ငံအနက် ဒုတိယမြောက် လေထုအညစ်ညမ်းဆုံးမြို့အဖြစ် သတ်မှတ်ခြင်းခံရသည်။ နိုင်ငံတကာစံနှုန်းအရ ညွှန်းကိန်းအဆင့် ၁၅၁ မှ ၂၀၀ ကြားသည် ကျန်းမာရေးအတွက် မကောင်းမွန်သော အခြေအနေဖြစ်ပြီး၊ ယခုကဲ့သို့ လေထုညစ်ညမ်းရခြင်းမှာ မြို့ပြလူဦးရေထူထပ်မှု၊ ယာဉ်နှင့် စက်ရုံများမှထွက်သော မီးခိုးငွေ့များ၊ အမှိုက်မီးရှို့မှုများနှင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များမှ ဖုန်မှုန့်များကြောင့် ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် လေ့လာစောင့်ကြည့်သူများက ဆိုသည်။ ၎င်း၏ နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် အသက်ရှူကြပ်ခြင်း၊ နှလုံးနှင့် အဆုတ်ရောဂါများ ဖြစ်ပွားနိုင်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ဆဲလ်များ ပျက်စီးခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် အပြင်ထွက်ပါက Mask တပ်ဆင်ခြင်းနှင့် လိုအပ်သော ကျန်းမာရေးသတိထားမှုများ ပြုလုပ်ရန် ဆရာဝန်များက အထူးတိုက်တွန်းထားပါသည်။
| 17 | 0 | 0 | 0 |


