back

မြန်မာဖိုက်တာ သန့်ဇင်၏ ONE Friday Fights 149 ပွဲစဉ်အား အခမဲ့ရုပ်သံလိုင်းများမှ ကြည့်ရှုခွင့်ရမည်မဟုတ်

Apr 01 • 8:57 AM

breaking-news

Myanmar

International

cover

မြန်မာဖိုက်တာ သန့်ဇင်၏ ONE Friday Fights 149 ပွဲစဉ်အား အခမဲ့ရုပ်သံလိုင်းများမှ ကြည့်ရှုခွင့်ရမည်မဟုတ်

လာမည့်သောကြာညတွင် ကျင်းပမည့် ONE Friday Fights 149 ပြိုင်ပွဲတွင် ပါဝင်ထိုးသတ်မည့် မြန်မာဖိုက်တာ သန့်ဇင် နှင့် ထိုင်းဖိုက်တာ ဂျာရတ်ချိုင်းတို့၏ ပွဲစဉ်ကို ယခင်ကဲ့...

လာမည့်သောကြာညတွင် ကျင်းပမည့် ONE Friday Fights 149 ပြိုင်ပွဲတွင် ပါဝင်ထိုးသတ်မည့် မြန်မာဖိုက်တာ သန့်ဇင် နှင့် ထိုင်းဖိုက်တာ ဂျာရတ်ချိုင်းတို့၏ ပွဲစဉ်ကို ယခင်ကဲ့သို့ အခမဲ့ရုပ်သံလိုင်းများမှ ကြည့်ရှုခွင့်ရမည်မဟုတ်ကြောင်း သိရသည်။ ONE Championship အနေဖြင့် ရုပ်သံမူပိုင်ခွင့်များကြောင့် ပြိုင်ပွဲကို အခပေးလိုင်းနှင့် အခမဲ့လိုင်းဟူ၍ နှစ်ပိုင်းခွဲခြားပြသရာတွင် သန့်ဇင်၏ပွဲစဉ်မှာ အခပေးလိုင်းအပိုင်းတွင် ပါဝင်နေခြင်းဖြစ်သည်။ သို့သော်လည်း အဆိုပါပြိုင်ပွဲတွင်ပင် ပါဝင်သည့် အခြားမြန်မာဖိုက်တာတစ်ဦးဖြစ်သူ အောက်ချင်းလေး (ဟာလင်းအုမ်း) နှင့် ထိုင်းဖိုက်တာ ခွန်ဆွတ်တို့၏ ပွဲစဉ်ကိုမူ အခမဲ့လိုင်းများမှ ပုံမှန်အတိုင်း ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

16