ပဲခူးတိုင်းအတွင်းရှိမြို့နယ်အချို့၌ နေ့အပူချိန်(၄၀) ဒီဂရီဆဲစီးယပ်အထက်ရောက်ရှိကာ အပူချိန်မြင့်တက်လျက်ရှိကာ ယနေ့ ဧပြီ ၁ ရက်မှ ဧပြီ ၆ ရက်အတွင်း အ ပူလှိုင်းဖြတ်သန်းမည်ဟု ပဲခူးတိုင်းအစိုးရအဖွဲ့မှ ယနေ့ ဧပြီ ၁ ရက်က အသိပေးထားသည်။လက်ရှိအချိန်၌ တောင်ငူမြို့၊ ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာ၊ ပဲခူးမြို့၊ ဖြူးမြို့တို့တွင် နေ့အပူချိန် (၄၀) ဒီဂရီဆဲစီးယပ်အထက်မြင့်မားလျက်ရှိပြီး အပူချိန်များမြင့်တက်လျက်ရှိသည်ဟု အသိပေးထားသည်။ထို့ကြောင့် ပဲခူးတိုင်းအတွင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်နှင့် မဖြစ်မနေအပြင်ထွက်ရပါက ထီး၊ ဦးထုပ်၊ အင်္ကျီလက်ရှည်တို့ ဝတ်ဆင်သွားလာကြရန်လည်း ပဲခူးတိုင်းအစိုးရအဖွဲ့က သတိပေးနှိုးဆော်ထားသည်။
Apr 01 • 8:56 AM
Myanmar
Bago
Share
| 20 | 0 | 0 | 0 |


