အီတလီလက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offs ဗိုလ်လုပွဲတွင် ဘော့စနီးယားအသင်းကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသောကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် (၃) ကြိမ်ဆက်တိုက် လွဲချော်သွားခဲ့ပြီဖြစ်သည်။ ပုံမှန်ပွဲချိန်နှင့် အချိန်ပိုတွင် (၁-၁) ဂိုးစီ သရေကျနေသဖြင့် ပယ်နယ်တီကန်ရာတွင် ဘော့စနီးယားက (၄-၁) ဂိုးဖြင့် အနိုင်ရရှိသွားခဲ့ခြင်းဖြစ်သည်။ကမ္ဘာ့ဖလားချန်ပီယံ (၄) ကြိမ်ဖြစ်ဖူးသည့် အီတလီအသင်းသည် ၂၀၁၈၊ ၂၀၂၂ နှင့် ယခု ၂၀၂၆ ပြိုင်ပွဲများအထိ ခြေစစ်ပွဲမအောင်မြင်သည့် မှတ်တမ်းဆိုးကို ရင်ဆိုင်လိုက်ရသည်။ ၂၀၂၅ ခုနှစ်တွင် အသင်းကို စတင်ကိုင်တွယ်ခဲ့သည့် နည်းပြ ဂတ်တူဆို သည် (၈) ပွဲကစားရာတွင် (၆) ပွဲနိုင် ရလဒ်ကောင်းများ ရရှိခဲ့သော်လည်း အရေးကြီးဆုံးပွဲတွင် ရှုံးနိမ့်ခဲ့ရသည်။ 
Apr 01 • 7:35 AM
Myanmar
International
Share
| 9 | 0 | 0 | 0 |


