back

ကက်စီမီရိုကို အယ်လ်နာဆာအသင်းထံ ခေါ်ဆောင်ဖို့ စီရော်နယ်လ်ဒို ကြိုးပမ်းနေ

Apr 01 • 7:36 AM

breaking-news

Myanmar

International

cover

ကက်စီမီရိုကို အယ်လ်နာဆာအသင်းထံ ခေါ်ဆောင်ဖို့ စီရော်နယ်လ်ဒို ကြိုးပမ်းနေ

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို သည် ၎င်း၏ အသင်းဖော်ဟောင်းဖြစ်သူ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရို (၃၄ နှစ်) ကို ဆော်ဒီအာရေဗျတွင် ပြန်လည်ပေါင်းစည်းရန် တိုက်...

အယ်လ်နာဆာအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို သည် ၎င်း၏ အသင်းဖော်ဟောင်းဖြစ်သူ ဘရာဇီးလ်ကွင်းလယ်လူ ကက်စီမီရို (၃၄ နှစ်) ကို ဆော်ဒီအာရေဗျတွင် ပြန်လည်ပေါင်းစည်းရန် တိုက်တွန်းလျက်ရှိကြောင်း သိရသည်။ ယခုရာသီကုန်တွင် မန်ယူနိုက်တက်အသင်းမှ ထွက်ခွာတော့မည့် ကက်စီမီရိုကို မဟာပြိုင်ဘက် မက်ဆီ၏ အင်တာမိုင်ယာမီအသင်းကလည်း ဘူးစကွက်စ်၏နေရာတွင် အစားထိုးရန် စိတ်ဝင်စားနေသည်။ ကက်စီမီရိုသည် မန်ယူတွင် တစ်ပတ်လစာ ပေါင် ၃၇၅,၀၀၀ ရရှိနေသူဖြစ်ပြီး အသင်းက စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ထားသော်လည်း ၎င်းအနေဖြင့် ယခုရာသီတွင် အကောင်းဆုံးခြေစွမ်းပြသလျက်ရှိသည်။ စီရော်နယ်လ်ဒိုသည် ကက်စီမီရိုအား မက်ဆီနှင့် လက်တွဲမည့်အစား မိမိနှင့်အတူ ဆော်ဒီလိဂ်တွင် ကစားရန် စည်းရုံးနေခြင်းဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

8