back

သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းများမှ ယာဉ်အစီးရေ ၁,၀၀၀ ကျော်ဖြင့် ပြေးဆွဲဝန်ဆောင်မှုပေးမည်

Apr 01 • 6:55 AM

breaking-news

Myanmar

Local

breaking-news
cover

သင်္ကြန်ကာလအတွင်း YBS ယာဉ်လိုင်းများမှ ယာဉ်အစီးရေ ၁,၀၀၀ ကျော်ဖြင့် ပြေးဆွဲဝန်ဆောင်မှုပေးမည်

သင်္ကြန်ပိတ်ရက်အတွင်း အများပြည်သူခရီးသွားလာမှု အဆင်ပြေစေနိုင်ရန်အတွက် သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီ ၁၃ ရက်နေ့မှ သင်္ကြန် အတက်နေ့ ဧပြီလ ၁၇ ရက်နေ့အထိကို ပိတ်ရက်မရှ...

သင်္ကြန်ပိတ်ရက်အတွင်း အများပြည်သူခရီးသွားလာမှု အဆင်ပြေစေနိုင်ရန်အတွက် သင်္ကြန်အကြိုနေ့ဖြစ်တဲ့ ဧပြီ ၁၃ ရက်နေ့မှ သင်္ကြန် အတက်နေ့ ဧပြီလ ၁၇ ရက်နေ့အထိကို ပိတ်ရက်မရှိဘဲ YBS ကုမ္ပဏီ ၁၅ ခုမှ ယာဉ်လိုင်းပေါင်း ၇၁ လိုင်း၊ YBS ယာဉ်အစီးရေ ပေါင်း ၁၀၀၀ ကျော်ဖြင့် ပြေးဆွဲဝန်ဆောင်မှုပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ထံမှ သိရပါတယ်။

အဆိုပါ ကာလအတွင်းပြေးဆွဲပေးမယ့် ယာဉ်လိုင်းများတွင် YBS ၃၇၊ ၄၃၊ ၆၂ ၊ ၇၂ ၊ ၈၇ ၊ ၈၈၊ ၁၀၆ ၊ ၁၀၇၊ ၈၉ ၊ ၁၈ ၊ ၃၅ ၊ ၅၂ ၊ ၅၃ ၊ ၅၄ ၊ ၆၁ ၊ ၆၈ ၊ ၁၃၁ ၊ ၁၃၇ ၊ ၃၄ ၊ ၅ ၊ ၇၀ ၊ ၇၅ ၊ ၁၂၉ ၊ ၆ ၊ ၄၆ ၊ ၁၂ ၊ ၉၂ ၊ ၆၁ ၊ ၃၉ ၊ ၄၁ ၊ ၉၀ ၊ ၁၂၃ ၊ ၁၂၄ ၊ ၄၀ ၊ ၁၄၃ ၊ ၁ ၊ ၉ ၊ ၁၉ ၊ ၂၃ ၊ ၁၀၃၊ ၁၁၉ ၊ ၄၄ ၊ ၆၆ ၊ ၆၇ ၊ ၇၁ ၊ ၇၄ ၊ ၇၇ ၊ ၇၉ ၊ ၉၁ ၊ ၁၃၀ ၊ ၂၇ ၊ ၇၆ ၊ ၈၁ ၊ ၈၅ ၊ ၁၂၀ ၊ ၁၃၂ ၊ ၄၂ ၊ ၆၅ ၊ ၂၂ ၊ ၁၂၆ ၊ ၃၃၊ ၄၅၊ ၈၄ ၊ ၁၁၁ ၊ ၁၃၃ ၊ ၁၃၄ ၊ ၁၃၆ ၊ ၁၃၈ ၊ ၁၃၉၊ ၁၄၂ နှင့် ၁၄၄ စတဲ့ ယာဉ်လိုင်းများ ပါဝင်တယ်လို့ YRTC ရဲ့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ရုံးပိတ်ရက်ရှည်ဖြစ်တဲ့အတွက် သင်္ကြန်ရက်တွေမှာ ရန်ကုန်မြို့တွင်း မဖြစ်မနေသွားလာကြတဲ့ ခရီးသည်တွေအတွက် ရည်ရွယ်ပြီးဝန်ဆောင်မှုပေးတာဖြစ်ပါတယ်။ နှစ်ဆန်း ၂ ရက်နေ့လောက်မှာ ယာဉ်လိုင်းအားလုံးပြန်လည် ဝန်ဆောင်မှုပေးမှာဖြစ်ပါတယ်”လို့ ၎င်းက ပြောပါတယ်။သင်္ကြန်ကာလအတွင်း အထက်ပါ YBS ယာဉ်လိုင်းများရဲ့ ယာဉ်စီးခနှုန်းထားများကို ပုံမှန်အတိုင်းသာကောက်ခံဖို့ ညွှန်ကြားထားသလို သတ်မှတ်ယာဉ်စီးခနှုန်းထားထက် ပိုမိုကောက်ခံပါက YRTC ထံသို့ ယာဉ်လိုင်းနံပါတ်၊ ယာဉ်နံပါတ်တို့နှင့်အတူတိုင်ကြားနိုင်တယ်လို့လည်းသိရပါတယ်။

YRTC အနေနဲ့ သင်္ကြန်မဟုတ်တဲ့ ပုံမှန်ကာလတွေမှာတော့ YBS ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခု၊ ယာဉ်လိုင်း ၁၄၁ လိုင်း၊ ယာဉ်အစီးရေ ၅,၄၆၂ စီးရှိပြီး နေ့စဉ်ယာဉ်အစီးရေ ၃,၅၀၀ ခန့်၊ ယာဉ်လိုင်း ၁၃၂ လိုင်းဖြင့် ခရီးသည် ၁ ဒသမ ၅ သန်းကျော်ကို သယ်ယူပို့ဆောင်ပြေးဆွဲဝန်ဆောင်မှုပေးနေတာဖြစ်တယ်လို့ သိရပါတယ်။


news-view-count-icon

30