back

မကွေးမြို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် လမ်းလျှောက်သင်္ကြန်အတွက် ဧရာဝတီမြစ်အတွင်းမှ ရေများကို နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့်ယူ၍ ရေကစားနိုင်ရေး ဆောင်ရွက်မည်

Apr 01 • 6:48 AM

breaking-news

Myanmar

Magway

breaking-news
cover

မကွေးမြို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် လမ်းလျှောက်သင်္ကြန်အတွက် ဧရာဝတီမြစ်အတွင်းမှ ရေများကို နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့်ယူ၍ ရေကစားနိုင်ရေး ဆောင်ရွက်မည်

မကွေးမြို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် လမ်းလျှောက်သင်္ကြန်အတွက် ဧရာဝတီမြစ်အတွင်းမှ ရေများကို နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့်ယူ၍ ရေကစားနိုင်ရေး ဆောင်ရွက်သွာ...

မကွေးမြို့တွင် ကျင်းပမည့် ၂၀၂၆ ခုနှစ် လမ်းလျှောက်သင်္ကြန်အတွက် ဧရာဝတီမြစ်အတွင်းမှ ရေများကို နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့်ယူ၍ ရေကစားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အား မကွေးတိုင်းဒေသကြီး မကွေးမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၊ ရေကစားမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် ကမ်းနားလမ်းတစ်လျှောက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို မကွေးမြို့ We Love Magway အနီး ကျောက်သားဥယျာဉ်ပန်းခြံမှ ကမ်းနားလမ်းတစ်လျှောက် လမ်းလျှောက်သင်္ကြန်၊ ရေကစားမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များ၊ တေးဂီတ ဖျော်ဖြေပွဲများဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ရပ်ကွက်ယိမ်းအကအဖွဲ့ ခုနစ်ဖွဲ့၊ ဌာနဆိုင်ရာ ယိမ်းအကအဖွဲ့ ၁၁ ဖွဲ့ စုစုပေါင်းယိမ်းအကအဖွဲ့ ၁၈ ဖွဲ့များမှာ သက်ဆိုင်ရာနေရာအသီးသီးတို့တွင် အဖွဲ့လိုက် ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကာ မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတ ဖျော်ဖြေရေးအစီအစဉ်များ၊ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေ ယှဉ်ပြိုင်မှုများ၊ စတုဒိသာဧည့်ခံကျွေးမွေးရေး အစီအစဉ်များဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချပေးနိုင်သည့်အပြင် စက်သုံးဆီ သုံးစွဲမှုနှင့် ကုန်ကျစရိတ်များကို ချွေတာသည့်အနေဖြင့် ဧရာဝတီမြစ်အတွင်းမှရေများကို ပြန်လည်ပြည့်ဖြိုး မြဲစွမ်းအင်ဖြစ်သော နေရောင်ခြည်စွမ်းအင်သုံးဆိုလာစနစ်ဖြင့် မြစ်ရေတင်ယူကာ လာရောက်ရေကစားသူများအား ရေကစားနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

16