back

မြန်မာအသင်း အာရှဖလားခြေစစ်ပွဲနှစ်ပွဲကစားအပြီးကမ္ဘာ့အဆင့် ငါးဆင့် တက်လာခဲ့

Apr 01 • 7:04 AM

breaking-news

Myanmar

Local

breaking-news
cover

မြန်မာအသင်း အာရှဖလားခြေစစ်ပွဲနှစ်ပွဲကစားအပြီးကမ္ဘာ့အဆင့် ငါးဆင့် တက်လာခဲ့

အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲစဉ် နှစ်ပွဲမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတွေကို အနိုင်ကစားပြီးနောက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့အဆင့် ငါးဆင့် မြင့်တက်လာခ...

အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲစဉ် နှစ်ပွဲမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတွေကို အနိုင်ကစားပြီးနောက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကမ္ဘာ့အဆင့် ငါးဆင့် မြင့်တက်လာခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ လက်ရှိမှာ မြန်မာအသင်းဟာ အာဆီယံအဆင့် ၇၊ အာရှအဆင့် ၃၁ နဲ့ ကမ္ဘာ့အဆင့် ၁၅၈ မှာ ရပ်တည်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။ မြန်မာအသင်းအနေနဲ့ ကမ္ဘာ့အဆင့် ရပ်တည်မှု ၁၆၃ ကနေ ၁၅၈ ကို မြင့်တက်လာတာဖြစ်ပြီး ဒါက နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း လက်ထက် ပထမဆုံးအကြိမ် ကမ္ဘာ့အဆင့် တက်လာခဲ့တာလည်း ဖြစ်ပါတယ်။


news-view-count-icon

24