back

အပူပိုင်းဒေသ သစ်သီးဝလံများအတွက် သုတေသလုပ်ငန်းများအကောင်အထည်ဖော်ရန်နှင့် နည်းပညာဖလှယ်ရန် MOU ရေးထိုး

Apr 01 • 6:29 AM

breaking-news

Myanmar

Local

breaking-news
cover

အပူပိုင်းဒေသ သစ်သီးဝလံများအတွက် သုတေသလုပ်ငန်းများအကောင်အထည်ဖော်ရန်နှင့် နည်းပညာဖလှယ်ရန် MOU ရေးထိုး

မြန်မာနိုင်ငံရှိ ငှက်ပျောသီး၊ ပိန္နဲသီး၊ ဒူးရင်းသီးနှင့်အပူပိုင်းဒေသ သစ်သီးဝလံများအတွက် သုတေသလုပ်ငန်းများအကောင်အထည်ဖော်ရန်နှင့် နည်းပညာဖလှယ်ရန် MOU ရေးထိုးခဲ့ကြ...

မြန်မာနိုင်ငံရှိ ငှက်ပျောသီး၊ ပိန္နဲသီး၊ ဒူးရင်းသီးနှင့်အပူပိုင်းဒေသ သစ်သီးဝလံများအတွက် သုတေသလုပ်ငန်းများအကောင်အထည်ဖော်ရန်နှင့် နည်းပညာဖလှယ်ရန် MOU ရေးထိုးခဲ့ကြောင်းမြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှသိရသည်။မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) နှင့် Tropical Subtropical Cash Crops Research Institute, Yunan Academy of Agricultural Sciences တို့သည် “2026 Yunnan Provincial International Science and Technology Commissioner” စီမံကိန်းတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူနားလည်မှုစာချွန်လွှာကိုမတ်လ ၃၀ ရက်နေ့တွင် အသင်းရုံးခန်း၌ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်းတွင် မြန်မာနိုင်ငံရှိ ငှက်ပျောသီး၊ ပိန္နဲသီး၊ ဒူးရင်းသီးနှင့် အခြားသော အပူပိုင်းဒေသ သစ်သီးဝလံများအတွက် သုတေသလုပ်ငန်းများအကောင်အထည်ဖော်ရန်နှင့် နည်းပညာဖလှယ်မှုလုပ်ငန်းများကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

news-view-count-icon

23