back

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ဧပြီ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

Apr 01 • 6:24 AM

breaking-news

Myanmar

Kayin

cover

ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးအား ဧပြီ ၂ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်

ကုန်သွယ်ရေးအတွက် အဓိကကျပြီး နှစ်ရှည်လများ ပိတ်ထားခဲ့သည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက် (ကြာသပတေးနေ့) မှစတင်ကာ ပြန်လည်ဖွင့်လှစ်တော့မ...

ကုန်သွယ်ရေးအတွက် အဓိကကျပြီး နှစ်ရှည်လများ ပိတ်ထားခဲ့သည့် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက် (ကြာသပတေးနေ့) မှစတင်ကာ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ ကနဦးအစီအစဉ်အရ အဆိုပါလမ်းမကြီးပေါ်တွင် ယာဉ်ငယ်များနှင့် ခရီးသည်တင် မှန်လုံကားကြီးများ စတင်သွားလာခွင့်ပြုမည်ဖြစ်သည်။ သို့သော်လည်း မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအမှတ် (၂) ကိုမူ ဆက်လက်ပိတ်ထားဦးမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

25